Part 85

8.4K 274 8
                                    

ကုတင်ထက်မှာ ဖြူဖြူဖျော့ဖျော့နဲ့လဲလျောင်းနေရသော သူ့ခလေးလေးထံကြည့်ကာ ရှင်းထင်နှလုံးခုန်သံတွေ တအားပဲမြန်ဆန်နေခဲ့သည်။ဆရာဝန်ကြီးကစမ်းသပ်စစ်ဆေးမှုလုပ်နေပေမယ့် ဘာစကားမှထပ်ထွက်မလာသေး...။ပိုးဟပ်ဖြူလေးလို သေးကွေးပျော့ခွေနေတဲ့ ငယ်လေးဟာလည်း လုံးဝမှသတိမရတော့ပေ။

လက်ဖမိုးနုနုလေးပေါ် အပ်ဖောက်ပြီးဆေးသွင်းထားရသည်။SPO2 levelကလည်း ရှိသင့်သည်ထက်အနည်းငယ်ကျနေ၍ အောက်စီဂျင်ခဏပေးထားရ၏။အနားမှာ nurseနဲ့အကူတွေလည်း ရှုပ်ယှက်ခက်နေလေသည်။

ဒါတွေမြင်နေရသူမှာ ရင်တစ်ခုလုံးကျွမ်းထိုးမှောက်ခုံ။ကိုယ့်ခလေး ဘာတွေဖြစ်နေပြီလဲ?ဘာများဖြစ်သွားလိမ့်မလဲ?

ထိုအတွေး ထိုပူပန်မှုတွေနဲ့ နှလုံးသားက ပေါက်ကွဲတော့မတတ်ပဲ။

ခလေးလေးရယ်...!
ကိုကိုသာ ဖြစ်လိုက်ချင်ပါတယ်။
ဒီလိုဆေးရုံကုတင်ပေါ်မှာ လှဲနေရတဲ့ပုံရိပ်လေးကိုမြင်ရတိုင်း ကိုကိုပဲရူးသွားလိုက်ချင်တယ်။

''တောက်!
အကုန်လုံးက ငါ့ကြောင့်ပဲ
ငါ အသုံးမကျလို့ ခလေးဒီလိုအခြေအနေတွေရင်ဆိုင်ရတာ´´

''စိတ်အေးအေးထားပါ သူငယ်ချင်းရာ
ခလေးက ပင်ပန်းသွားလို့ဖြစ်မှာပါ´´

''မင်းတို့ပြောတဲ့ ခလေးအဆင်ပြေပြေရှိနေတယ်ဆိုတာ ဒါလား...ဒီပုံစံလား...ဟမ်!! ပြောလေ...ငါ့ကို!!´´

''ဒေါသမထွက်ပါနဲ့ ကိုရှင်းရယ်
အရင်ရက်တွေက ရွှေပုံစိတ်ကိုအရမ်းတင်းပြီးနေခဲ့တာ...အခုကိုရှင်းကိုတွေ့လိုက်တော့ သူစိတ်လျှော့လိုက်လို့နေမှာ´´

သူငယ်ချင်းတွေအကုန်လုံးလည်းလိုက်လာကြတာကြောင့် ခလေးရဲ့ကုတင်ဘေးမှာ လူတွေတော့များနေ၏။ထိုစဥ်ဆရာဝန်က သူတို့အားလုံးထံ အကြည့်တစ်ချက်ဝေ့လာပြီး...

''စိတ်အေးအေးထားကြပါ
လူနာက အများကြီးစိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး...အားအရမ်းနည်းပြီး Pressureထိုးကျလို့ သတိလစ်သွားတာပါ´´

''.....´´

''Pulse rateက normalမဟုတ်နေတာလေးတစ်ခုကိုပဲ ကျွန်တော်သိပ်သဘောမကျချင်ဘူး...မကြာခင်သတိရလာမှာပေမယ့် ဒီတစ်ညတော့ဆေးရုံတင်ထားလိုက်တာ ကောင်းမယ်၊နောက်ပြီးကိုယ်ခံအားနည်းတာကိုလည်းသေချာဂရုစိုက်စောင့်ရှောက်ပေးရမယ်...အထူးသဖြင့် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ဒီလိုမျိုးအားနည်းတာက ခလေးရော မိခင်အတွက်ပါမကောင်းဘူး´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Tempat cerita menjadi hidup. Temukan sekarang