Part 36

7.9K 219 7
                                    

🎶တစ်ဦးတည်းသော သမီးလေးမို့...
အရမ်းဆိုးတယ်နော်🎶

🎶ထမင်းဟင်းလည်း အစပ်အဟပ်တည့်အောင်မချက်တတ်ဘူးနော်🎶

နားထဲတိုးဝင်လာသည့်အသံချိုချိုနဲ့သီချင်းသံလေးကြောင့် ရှင်းထင်အိပ်ရာထဲလှဲအိပ်နေရင်းမှ မျက်လုံးမဖွင့်ဘဲကျိတ်ပြုံးနေမိ၏။နံနက်ချိန်ခါ တေးသံသာလေးက သူ့ကိုယ်သူဘာမှမတတ်ကြောင်းကြော်ငြာနေခြင်းဖြစ်လေသည်။အသံကနည်းနည်းဝေးတာမို့ ခလေးကဧည့်ခန်း ဒါမှမဟုတ် မီးဖိုခန်းလောက်မှာရှိနေလိမ့်မည်ဟု သူမှန်းဆကြည့်လိုက်၏။

ထိုစဥှ...

''ရှဲ!!''

ဒယ်အိုးထဲတစ်စုံတစ်ခုထည့်ကြော်လိုက်ပုံရသော 'ရှဲ'ခနဲအသံကြောင့် ရှင်းထင်မျက်လုံးတွေခပ်မြန်မြန်ပွင့်သွားရသည်။

ခလေးက မီးဖိုခန်းထဲမှာ...။
တစ်ခုခုကိုကြော်နေတာ...။

ပါးစပ်ကမချက်တတ်ဘူးအော်ပြီး လူလေးကဖြင့် ဘာတွေချက်ပြုတ်နေတယ်မသိတော့ပါ။မလုပ်စဖူးလုပ်နေတာမို့ တစ်ခုခုထိခိုက်သွားမှာစိုးရိမ်လိုက်ပေမယ့် အရာတိုင်းဝင်ပါပြန်ရင်လည်း ခလေးလေးဘာမှမလုပ်တတ်၊မကိုင်တတ်၊ရင်မဆိုင်တတ်ဖြစ်နေမှာစိုးရိမ်သည်။ဘယ်လိုပဲ အားကိုးရာ သူတစ်ယောက်လုံးရှိစေဦး...၊အားကိုးတွယ်တာစေချင်ဦးတော့ ဆက်လျှောက်ရမယ့်လမ်းတွေအများကြီးအတွက် ခလေးကိုလည်းသတ္တိရှိစေချင်သေးတာ ရင်ထဲကစေတနာဖြစ်သည်။အမြဲတမ်းတခြားသူအပေါ်မှာပဲမှီခိုတတ်၊အားနည်းပျော့ညံ့တတ်တဲ့ပုံစံမျိုး ဖြစ်မသွားစေလိုပေ။အခုလိုသေးမွှားတဲ့ကိစ္စလေးကစပြီး ဘဝအတွက်ကြီးကျယ်တဲ့အခိုက်အတန့်တွေအထိ ကြုံလာသမျှအဆိုးအကောင်းတွေကို ရင့်ကျက်တဲ့ဆုံးဖြတ်ချက်တွေ၊အတွေးအခေါ်တွေနဲ့ ရဲရဲရင့်ရင့်ရှေ့ဆက်သွားနိုင်အောင်လည်း လေ့ကျင့်ပျိုးထောင်ပေးချင်သေးသည်။

မိခင်ရင်ခွင်ငွေ့မှာ ၁၇နှစ်သာရှင်သန်ကြီးပြင်းခဲ့ရတဲ့ပန်းကလေးကို သူကစောစီးစွာခေါ်ယူလာမိတာမဟုတ်လား။ဒါကြောင့် ဒီပန်းကလေးရဲ့သက်တမ်း၁၇နှစ်ကနေစလို့ နောက်ပိုင်း ၂၇နှစ် ၃၇နှစ်...ဒီထက်ပိုများတဲ့နှစ်တွေအထိ ဘဝသက်ဆုံးတိုင်ကို သူ့ရင်ငွေ့နဲ့ပဲဆက်ပျိုးရမှာမို့ အလွဲအချော်အတိမ်းအစောင်းဘာတစ်ခုမှအဖြစ်မခံနိုင်ပါ။သူ့လက်ထဲရောက်မှ ညှိုးနွမ်းသွားရမှာမျိုး...၊သိမ်ငယ်သွားရတာမျိုးမရှိစေရဘဲ သေချာပေါက် ဒီပန်းကလေးက လောကရဲ့အလှဆုံးဖြစ်လာအောင် သူအစွမ်းကုန်ပံ့ပိုးဂရုစိုက်ရမည်လေ...။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now