Part 8

9.3K 244 7
                                    

''မဟုတ်တာကွာ!! ငါကဘယ်လိုကြောင့် ဝဝတုတ်တုတ်အဲ့ဖက်တီးလေးကိုကြိုက်ရမှာလဲ...မင်းတို့စဥ်းစဥ်းစားစားလဲပြော´´

ဝမ်းခေါင်းသံကြီးနဲ့ ဖင်ပိတ်ငြင်းနေတဲ့ ရှင်းထင်အား သူငယ်ချင်းနှစ်ယောက်မှ မယုံသကင်္ာဖြင့်ကြည့်နေမိသည်။သူတို့အမြင်၊သူတို့အတွေ့အကြုံအရတော့ ဒီငနဲသားဟာ အမှန်အကန်ဖောအင်လပ်နေပုံပါ။အခုမေးပြန်တော့လည်း ဝန်မခံချင်။အံမယ်! ဖတ်တီးမို့မကြိုက်ပါဘူးကလုပ်နေသေး။ဟိုက ဝိတ်ချချင်တယ်ပြောတော့ရော ဒင်းဘာပြောခဲ့တုန်း...။အမလေး! မင်းအသက်ကငယ်ငယ်လေးမို့ နောက်မှတဲ့။ပင်ပန်းမယ်တဲ့။

သောက်ကျိုးနည်း trainerကြီး။

''မင်းမရိုးပါဘူးကွာ
ဝန်ခံလိုက်စမ်းပါ´´

''ရိုးတယ် လုံးဝကိုရိုးတယ်
အဲ့ခလေးသာသာဝတုတ်ကို ငါကကြိုက်စရာအကြောင်းလုံးဝမရှိဘူး´´

''ဒါဖြင့် အဲ့တုန်းကမင်းအပြုအမူကဘာလို့မျောက်မီးခဲကိုင်ဖြစ်နေလဲ...အမလေး! ခလေးတွေ ကိုကိုတွေနဲ့ ဖြစ်ပျက်နေတာမြင်မကောင်းဘူး´´

''ဟ! ဒါကတော့ကွာ
သူကငါ့လက်ထဲမှာရုတ်တရက်ကြီးမေ့လဲတော့ ငါလည်းလန့်သွားတာပေါ့´´

''မှန်မှန်ပြောစမ်း
ကလေးမေ့လဲအောင် မင်းဘာသွားလုပ်လိုက်လဲ´´

''ဟာကွာ!!´´

ပြောရင်းပြောရင်း ဒီဘူတာပဲဆိုက်နေတာမို့ ရှင်းထင်စိတ်တွေရှုပ်လာရသည်။အဲ့အချိန်က သူ့ရုပ်သွင်သည် ဘယ်လိုကြီးများဖြစ်သွားတယ်မသိ။ဟိုနှစ်ကောင်ကဖြင့် သူ ဒီချာတိတ်ကိုဖောအင်လပ်သွားပါပြီလို့အတပ်ပြောနေတာ တောက်လျှောက်မို့နားတွေလည်းငြီး။မဟုတ်ပါကြောင်း ဖြေရှင်းလို့လည်းမရတော့ပေ။

ငမြွှေထိုးပေါက်စလေး။ဘယ့်နှယ်ကြောင့် လူတွေ့ရင်မေ့မေ့လဲမှန်းကိုမသိတာ။အခုတော့ မလိုအပ်ဘဲအထင်လွဲခံရပြီ။

''ဟေ့ကောင် ပြောလေ
မင်းနော် ဝေ့လည်ကြောင်ပတ်မလုပ်နဲ့´´

''ငါဘာမှမလုပ်ဘူး
အရင်တစ်ခါစတွေ့တုန်းကလည်း အဲ့လိုပဲ
ကြည့်ရတာ ရောဂါတွေ ဘာတွေရှိတယ်ထင်တယ်´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now