Part 23

8.8K 231 11
                                    

'ခလေး!
ခလေးရေ...! မင်းတကယ့်ကိုရက်စက်တာပဲကွာ...အေ့! ဝေါ့!!´´

''လင်းထင်...မင်းစိတ်ထိန်းစမ်းပါဦးကွာ´´

''ဖယ်စမ်း! မင်းတို့အားလုံးသွားကြ´´

''ခွမ်း!!´´

မူးရူးယိမ်းယိုင်နေသည့်ခန္ဓာကိုယ်အား သူငယ်ချင်းတွေဝိုင်းထိန်းပေးသော်လည်း မရ။မျက်လုံးကမဖွင့်နိုင်ဘဲ အကုန်လုံးကိုတွန်းတိုက်ပစ်တာမို့ စားပွဲထက်ကပုလင်းနဲ့ဖန်ခွက်တွေလည်းကျကွဲကုန်ပြီး လင်းထင်တစ်သံတည်းနဲ့ဆူညံနေသောသူတို့ဝိုင်းကို ဘေးလူတွေက ကွက်ကြည့်ကွက်ကြည့်။

လင်းထင်ကရဆိုသော ရည်ရည်မွန်မွန်ဆရာဝန်တစ်ယောက်မှာ ဒီလိုရမ်းကားသည့်ပုံရိပ်မျိုးတစ်ခါမှမရှိဖူးတာကြောင့် သူငယ်ချင်းတွေမှာအံ့ဩရသလို စိတ်မကောင်းလည်းဖြစ်ရသည်။သူစေ့စပ်မယ့်ကလေးမလေးကို သူဘယ်လောက်ချစ်ကြောင်းသိခဲ့တာမို့ အခုဒီအခြေအနေမှာဘယ်လောက်အသည်းဟက်တက်ကွဲနေမလဲဆိုတာ စဥ်းစားကြည့်ဖို့ပင်မလိုတော့ပေ။

ညီဆိုတဲ့ကောင်ကိုပဲအပြစ်တင်ရမလား?ညီရဲ့ကောင်မလေးကိုမှ သွားချစ်မိတဲ့လင်းထင်ကသာအပြစ်ရှိတာလား?ဒါမှမဟုတ် လင်းထင်လိုဆရာဝန်သတို့သားကိုပြစ်ပြီး ဘာမဟုတ်တဲ့လူရမ်းကားနောက်လိုက်သွားရက်တဲ့ဟိုကလေးမကပဲ ရူးမိုက်တာလား?

သူတို့လည်းဘာကိုမှမတွေးတတ်တော့ပါ။သေချာတာကတော့ ဒီကိစ္စဟာလင်းထင်အတွက် သိပ်ကိုထိချက်ပြင်းခဲ့တာ။မရပ်တည်နိုင်တော့လောက်အောင် လဲပြိုသွားခဲ့တာ။

''လင်းထင် တော်တော့ကွာ...မင်းများနေပြီ
အရမ်းသောက်လေ့သောက်ထလည်းမရှိပဲနဲ့ကို...ဒုက္ခရောက်တော့မှာပဲ´´

''ဝေါ့!!´´

''ကြည့်!တွေ့လား မင်းတော့သေတော့မှာပဲကွာ´´

''ခလေး!.´´

''ခေါ်မနေနဲ့ အခုဆိုသူကမင်းခယ်မဖြစ်သွားလောက်ပြီ...လာ...ငါတို့အိမ်ပြန်ပို့ပေးမယ်´´

''မပြန်ဘူး´´

''ကျစ်!´´

''မပြန်ဘူးဆိုနေမှ´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Tempat cerita menjadi hidup. Temukan sekarang