Part 32

9.7K 253 6
                                    

'လက်...လက်ထပ်ကြမယ်?
ငယ်လေးနဲ့ကိုကို လက်ထပ်ကြမယ်လို့ပြောတာလားဟင်´´

နဂိုကတည်းက ဝိုင်းစက်နေပြီးသောချစ်စဖွယ်မျက်ဝန်းနက်နက်ကလေးများသည် ယခုသူ့ရဲ့စကားကြောင့် ပို၍ပြူးတူးတူးလေးကြည့်ကာ မေးခွန်းထုတ်သည်။ရှင်းထင် အနူးညံ့ဆုံးပြုံး၍ ခေါင်းငြိမ့်ပြလိုက်၏။

''ကိုကိုက ခလေးမေမေသဘောကျတဲ့သားမက်မဟုတ်ပေမယ့် လက်ခံနိုင်တဲ့အနေအထားတော့ရအောင်ကြိုးစားမယ်...အရင်လိုမဆိုးဘဲ လိမ္မာအောင်လည်းနေမယ် နော်´´

''ဘယ်လိုပဲနေနေ ငယ်လေးကိုကို့ကိုချစ်ပါတယ်´´

''အင်း ကိုကိုသိတာပေါ့
ဒီခလေးလေးက ကိုကို့ကိုအများကြီးချစ်မှန်းသိတာပေါ့´´

''ကိုကိုဘာလို့ ရုတ်တရက်သဘောထားပြောင်းသွားတာလဲဟင်...အရင်က ဘယ်သူ့နဲ့မှမပတ်သက်ဘဲနှစ်ယောက်တည်းပဲနေကြမယ်လို့ပြောဖူးတယ်မလား´´

''အဲ့ဒါက ကိုကိုခလေးအပေါ်မငဲ့ဘဲတွေးမိခဲ့တာ
ငယ်လေးကို အားလုံးရဲ့ဝေးရာမှာခွဲထုတ်ပြီး ကိုကိုတစ်ယောက်တည်းနဲ့ပဲနေခိုင်းမယ်...ကိုကိုတစ်ယောက်တည်းနဲ့ပဲပျော်အောင်ထားမယ်ဆိုတဲ့အတွေးက တကယ်တော့ ခလေးရဲ့စိတ်ကိုထည့်မတွက်ဘဲ အရမ်းအတ္တကြီးမိသွားတယ်´´

''.....´´

''ပြီးတော့ ကိုကို့ရဲ့အမျိိုးသမီးလေးက အဖိုးတန်လေး...ယောကျ်္ားတစ်ယောက်နဲ့အတူနေပြီး တရားဝင်လက်မထပ်ထားဘူးဆိုတဲ့သိမ်ငယ်မှုနဲ့မနေစေချင်ဘူး...ဒါကြောင့် နှစ်ဖက်မိဘရဲ့အသိအမှတ်ပြုမှုရဖို့ကိုကုိကြိုးစားချင်တယ်...ငယ်လေးကို ကိုကို့ဇနီးအဖြစ်တရားဝင်လက်ထပ်မယ်´´

ရွှေပုံဘာပြောရမှန်းပင်မသိတော့။ပြည့်စုံလွန်းနေတဲ့ကိုကို့စကားသံလေးတွေကြား ကြည်နူးစိတ်ဖြင့် မျက်ရည်ကျမိပြန်၏။ဒီအခါ ကိုကိုပြုံးလျက်ငုံ့ကြည့်ရင်း ခေါင်းလေးကိုဖွဖွပွတ်ပေးကာ ရင်ခွင်ထဲဆွဲဖက်၍...

''ငယ်လေးကို ကမ္ဘာမှာအလှဆုံး ချစ်ဖို့အကောင်းဆုံးသတို့သမီးလေးအဖြစ် ကိုကိုမြင်ချင်တယ်...အဲ့ဒါကြောင့်....´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now