Part 29

9.7K 243 4
                                    

''အစ်ကို ဒါကလုံးဝမတရားတာပဲ
သားမှာဘာအပြစ်ရှိလို့ ဒီလောက်ကြီးအထိလုပ်ရတာလဲ´´

လေသံဟာဆတ်ဆတ်ခါတုန်ယင်လို့နေသည်။ပါးပြင်ထက်တသွင်သွင်စီးကျသောမျက်ရည်များဟာ ဝမ်းနည်းစိတ်ကြောင့်လား၊ခံပြင်းစိတ်ကြောင့်လားမသဲကွဲတော့။

နောက်ဆုံးတော့ မယှဥ်နိုင်တာက မယှဥ်နိုင်တာပဲ။ရှင်းထင်ကရ ဘယ်လောက်ပဲဆိုးသွမ်းမိုက်ရိုင်းခဲ့ပါစေ...အချိန်မရွေးအိမ်ပေါ်အခန့်သားပြန်တက်လာနိုင်သလို နေရာလည်းမပျောက်ခဲ့ဘူး။အခု သားကတစ်ကြိမ်တစ်ခါလေးမှားမိတော့ အဝေးကိုပို့ပစ်ဖို့အထိလုပ်ရက်သတဲ့။တရားမျှတလွန်းလိုက်တဲ့ ဦးမိုးထင်သာ။

''ကျမ လုံးဝလက်မခံဘူး
သားကို ကျမနဲ့အဝေး လုံးဝမပို့ရဘူး´´

''သားက အခုစိတ်တွေအရမ်းလွင့်နေတယ်
အာရုံစိုက်ပြီး သူ့ကိုယ်သူသုံးသပ်နိုင်ဖို့အချိန်လိုတယ်...ဒါသူ့အတွက်အကောင်းဆုံးနည်းလမ်းပဲ´´

''ဒါပေမဲ့ ကျမကသားနဲ့ခွဲရမှာလေ
ရှင်းထင်လုပ်ချင်ရာလုပ်ပြီးရမ်းကားခဲ့တုန်းကျ ရှင်ဒီလိုလုပ်ခဲ့သလား?´´

''ငါ့သားငယ်ကိုမယှဥ်နဲ့
လူတိုင်းကကိုယ့်ပုံစံနဲ့ကိုယ်ပဲ...သားနှစ်ယောက်လုံးရဲ့ပုံစံကိုငါသိတယ်၊အဲ့အတွက် ကိုင်တွယ်တဲ့ပုံစံကလည်းမတူရုံပဲ´´

''ဟမ်း! ဒါကအကြောင်းပြချက်တွေပါ
ရှင့်သားကိုအနှောင့်အယှက်ထပ်ပေးမှာစိုးလို့ဒါမျိုးလုပ်တာမဟုတ်ဘူးလား´´

''နေစမ်းပါဦး မင်းကဘာဖြစ်နေတာလဲ
ငါ သားအတွက်တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးတာလို့ ဘာကြောင့်နည်းနည်းမှမစဥ်းစားနိုင်ရတာလဲ...ဘွဲ့ယူဖို့က သားအတွက်ကောင်းတဲ့အရာပဲလေ´´

''ကျွန်တော်လက်ခံပါတယ်´´

နှစ်ယောက်သားအချေအတင်စကားစစ်ခင်းနေရစဥ်မှာပဲ သားရဲ့အသံက ကြည်လင်ပီသစွာထွက်ပေါ်လာခဲ့၏။လှေကားကနေတစ်ထစ်ချင်းဆင်းလားပြီး မိဘနှစ်ပါးရဲ့ရှေ့ ကိုယ်ကိုရို့ကာရပ်လိုက်တဲ့အသွင်သည် ယခင်ထက်များစွာအားနည်းနေပေမယ့် အနည်းငယ်တော့ တည်ငြိမ်စပြုနေလေပြီ။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now