Part 51

6.4K 190 8
                                    

ငြိမ်သက်နေသောစတူဒီယိုခန်းအတွင်း၌ ညင်ညင်သာသာ ချိုကြည်စွာထွက်ပေါ်နေသည့်သီချင်းသံလေးအား ရှိသမျှလူအားလုံး သေချာအာရုံတစိုက်နားထောင်နေကြ၏။သီချင်းလေးဟာ ကောင်မလေးကသူ့ကောင်လေးကို ဘယ်လောက်အထိချစ်ကြောင်း၊ဒီကောင်လေးကိုသာ လက်တွဲဖော်အဖြစ်ရည်ရွယ်ပြီး ဘဝတစ်ခုတည်ထောင်ချင်တဲ့အကြောင်း၊တစ်လောကလုံးကကန့်ကွက်ရင်တောင် ဒီလက်ကိုပဲယုံယုံကြည်ကြည်တွဲပြီး ရှေ့ဆက်သွားမယ့်အကြောင်းကို လှလှပပအသက်သွင်းရေးဖွဲ့ထားတာဖြစ်သည်။

ရွှေပုံ့ဆီမှာကလည်း ဒီခံစားချက်ဟာအသင့်ရှိနေခဲ့၍ သီချင်းကို ဆရာလိုချင်တဲ့Moodအတိုင်းကွက်တိရအောင်ဆိုပေးနိုင်ခဲ့သည်။ပြောရရင် သီချင်းဟာ ရွှေပုံ့အတွက်ရည်ရွယ်ရေးခဲ့လေသလားထင်ရလောက်အောင် အဆင်ပြေလိုက်ဖက်သွားခဲ့၍ Audioအစမ်းနားထောင်ခဲ့ကတည်းက ဆရာတအားပဲချီးကျူးခဲ့၏။ယခုတော့ ရွှေပုံ့ကိုယ်ပိုင်MTVကိုလည်းရိုက်ပြီးပြီမို့ မနက်ဖြန်ဆို ရွှေပုံ့Pageနဲ့Public Platformတွေမှာ စပြီးတင်တော့မှာဖြစ်သည်။

''Nice!! အရမ်းကောင်းတယ်´´

သီချင်းသံလေးတစ်ခေါက်ဆုံးတော့ ထပ်၍ကြားရပြန်သော ချီးကျူးစကားကြောင့် ရွှေပုံလက်ဖဝါးလေးနှစ်ဖက်ကို ပူးကပ်ဆုပ်နယ်ရင်း ပြုံးတမြမြလုပ်နေမိ၏။

''ရွှေပုံက အစ်ကိုမှန်းထားတဲ့အတိုင်းအတာထက်တောင် ပိုပြီးလုပ်နိုင်တာပဲ´´

''အဟီး! ဆရာအရမ်းချီးကျူးလွန်းနေပါပြီ´´

''Onlineတက်မယ့်အချိန်ကို Pageကနေကြေညာထားပြီးပြီလား´´

''ဟုတ် ညပိုင်း၇နာရီတင်ဖို့လုပ်ထားတယ်ဆရာ´´

''30sec trailerတင်တုန်းကတောင် viewer ratingတော်တော်ကောင်းခဲ့တာပဲ...full MTVကဒီထက်ပိုအောင်မြင်လိမ့်မယ်´´

''ဆရာ ရွှေပုံ့Pageကိုအမြဲဝင်ကြည့်နေတာလား´´

ရွှေပုံအံ့ဩသလိုလေးမေးတော့ Mineကမျက်လုံးအကြည့်ကိုချက်ချင်းလွှဲရှောင်သွားလေသည်။

''မင်းက အစ်ကိုပွဲထုတ်မယ့်အဆိုရှင်လေ
အနေအထားကိုစောင့်ကြည့်တာ သဘာဝကျပါတယ်´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now