Part 9

9.4K 217 9
                                    

''ရွှေပုံ´´

''ဟင်!´´

''ငါတို့စာမေးပွဲဖြေပြီးရင် အောင်စာရင်းမထွက်သေးခင်ကြားမှာ နင်ဘာသင်တန်းတက်ဖို့စိတ်ကူးထားလဲ?´´

ရဲရဲမှ တလေးတနက်မေးလာတာကြောင့် ရွှေပုံ မျက်ဆံလေးထောင့်ကပ်ကာ သေသေချာချာစဥ်းစားခန်းဝင်လိုက်၏။ထို့နောက်တွင်တော့ သောက်လက်စကြေးအိုးကို တစ်ဇွန်းနှစ်စွန်းထပ်၍ ခပ်သောက်လိုက်ပြီးမှ...

''ငါ ကိုရီးယားစာသင်မှာ´´

''အံမယ်! နင်ကဟန်းဂုမြေကိုခြေချဖို့ရှိတယ်ပေါ့´´

''မရှိပါဘူးဟ...ဒါပေမဲ့ငါကဘာသာစကားလေ့လာရတာကြိုက်တယ်လေ...လူတိုင်းမတတ်တဲ့အရာတစ်ခုကိုတတ်ထားရင် အဲ့ဒါကကိုယ့်အားသာချက်ပဲ...ဒီနိုင်ငံထဲမှာလည်းအလုပ်တော့လုပ်စားလို့ရပါတယ်´´

''ဒါနဲ့ ကိုရီးယားမှာ နင့်အဒေါ်ရှိတယ်ဆို´´

''အေး ဟုတ်တယ်...မေမေ့အစ်မအရင်း
သူ့မှာလည်းသမီးလေးတစ်ယောက်ရှိတယ်...ငါ့ထက်၂နှစ်ကျော်လောက်ပဲကြီးတာ´´

''နင့်အမေနဲ့ညီအစ်မအရင်းတွေဆိုပြီး သူကကျဘယ်လိုလုပ်ဟန်းဂုရောက်သွားတာတုန်း´´

''အန်တီရတနာမေက ထက်မြက်ပြီးလူရည်လည်တဲ့ပုံပဲဟ...ငါ့မေမေကျအဲ့လိုမဟုတ်ဘူး အေးတယ်၊အန်တီရတနာက မြန်မာပြည်မှာလာဖွင့်တဲ့ ကိုရီးယားအခြေစိုက်အရောင်းပြခန်းတစ်ခုမှာ အရောင်းစာရေးလုပ်ရင်း အိုမျိုးရိုး ကိုရီးယားလူမျိုးတစ်ယောက်နဲ့လက်ထပ်ပြီး ဟိုကိုအပြီးလိုက်သွားတာတဲ့...အဲ့တုန်းကငါတောင်မှမမွေးသေးဘူး´´

''ဒါဖြင့်နင့်အဒေါ်ကစွံတာပဲ´´

''ဟုတ်မှာပေါ့၊ပြီးတော့ အဲ့ခေတ်ကနိုင်ငံခြားကလာအခြေစိုက်တဲ့အလုပ်တွေလည်း အခုလောက်ထိမပေါသေးဘူးလေ...၊ကိုရီးယားသွေးစပ်သွားလို့ထင်တယ်...အန်တီရတနာမွေးထားတဲ့ ငါ့မမယူရာကအရမ်းလှတယ်...လက်ရှိလည်း ဆိုလ်းအနုပညာတက္ကသိုလ်မှာဝင်ခွင့်ဖြေဖို့ပြင်ဆင်နေတယ်တဲ့´´

''နင်တို့ကအဆက်အသွယ်ရှိတယ်ပေါ့´´

''မေမေတို့ချင်းတော့သိပ်မရှိဘူး
မမနဲ့ငါကတော့ တစ်ခါတစ်လေ အွန်လိုင်းကနေစကားပြောဖြစ်တယ်´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)حيث تعيش القصص. اكتشف الآن