Part 44

6.9K 189 22
                                    

''မရဘူး!! ငါလုံးဝမလုပ်နိုင်ဘူး!´´

ပြတ်သားစွာထွက်ပေါ်လာသောငြင်းဆိုမှုကြောင့် သူရိယ၏မျက်နှာသည် ကွက်ခနဲပျက်၏။ဘေးမှာထိုင်နေသည့်ဂျူးမိုင်ရာကတော့ နှုတ်ခမ်းရဲရဲများကိုမဲ့ကာပြုံးနေလျက်မှ...

''ရှင်းက အခုထိအလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမခွဲခြားနိုင်သေးဘူးပဲ...ဒီလိုလုပ်နေတာက ဂျူးကိုမမေ့နိုင်သေးလို့မဟုတ်လား´´

''မဆိုင်တာတွေလာမပြောနဲ့ ဂျူးမိုင်ရာ
ငါကမပတ်သက်ဘူးဆို မပတ်သက်ဘူးပဲ...ခေါင်းအစခြေအဆုံးအရိပ်တောင်မှမမြင်ချင်ဘူး´´

''ဘာလဲ ဂျူးပေးတဲ့စျေးကနည်းလို့လား
ရှင်းရဲ့ Private by one classတိုင်းမှာသတ်မှတ်ထားတဲ့စျေးထက် ဂျူးက ၃ဆပိုပေးတယ်လေ´´

''မလိုဘူး´´

''အိုကေ! ဒါဆို ၅ဆ´´

''တောက်!!
မင်းတော်ရုံပဲ ကောင်းမယ်နော်´´

ရှင်းထင်အတော်လေးဒေါသထွက်နေ၍ မျက်နှာတစ်ခုလုံးနီမြန်းရဲတွတ်လျက်ရှိသည်။သုံးယောက်သားက Gymရဲ့အတွင်းခန်းထဲမှာမို့ အပြင်လူတွေမကြားနိုင်သော်လည်း စောထက်ပိုင်နဲ့လေးမြတ်ကတော့ အခန်းဝအနားရစ်သီရစ်သီဖြင့် အခြေအနေကိုအကဲခတ်နေသည်။

ဂျူးမိုင်ရာ...။တစ်နည်းအားဖြင့် မုန်တိုင်းမ...။ဒီမိန်းမရောက်လာတိုင်း ကောင်းရာကောင်းကြောင်းတစ်ခုမှမရှိပါ။အရင်တစ်ခါကလည်း မိန်းမတန်မဲ့...၊celeတစ်ယောက်ဖြစ်ပါလျက် လမ်းမကြီးမှာရှင်းထင်ကိုလာပြန်ကပ်သေးသည်။အခုလည်းကြည့်! အလုပ်အထိလိုက်လာပြီး ရှင်းထင်ရဲ့private classကို joinဖို့အသည်းအသန်တွေဖြစ်နေလေသည်။trainingကြေးကိုလည်း ပုံမှန်ရှင်းထင်ယူနေကျထက် အဆများစွာပေးမည်ဟုဆိုသည်။တကယ်ပါပဲ...ဒီမုန်တိုင်းမကယောကျ္ားအတော်ရှားနေတာများလား။အားအားရှိ ဒီဘူတာပဲဆိုက်နေတာ။

''ဒါဆိုရင်တော့ တခြားနည်းပြပဲရွေးလိုက်ပါလား မိုင်ရာ´´

''ဟင့်အင်း မလိုချင်ဘူး သူရိယ
ငါက သူ့ကိုပဲ...သူနဲ့ပဲ´´

''ကျစ်!´´

''နင်ကလည်း ကိုယ့်အလုပ်သမားတောင်ကိုယ်မနိုင်ဘူးလား...ဘာလဲ နင်ကပြန်ကြောက်နေရတာလား´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Tahanan ng mga kuwento. Tumuklas ngayon