Part 84

7.2K 249 8
                                    


''အခုလတ်တလောရင်ဆိုင်နေရတဲ့အမှုအတွက် ညီမလေးဂျူးဘက်က ဘာများပြောချင်ပါသေးလဲရှင့်´´

''ဟုတ်ကဲ့ ဂျူးအနေနဲ့ကတော့ အမြန်ဆုံးတရားမျှတမှုရရင်ကောင်းမှာပါပဲ၊မိန်းကလေးတစ်ယောက်ကိုအလိုမတူဘဲ မတရားသဖြင့် အကြမ်းဖက်တတ်တဲ့သူတစ်ယောက်က တရားဥပဒေအတိုင်းအပြစ်ပေးမှုခံယူသင့်ပါတယ်´´

''ဒါဆို လက်ရှိ ဂျူးရဲ့ကျန်းမာရေးအခြေအနေလေးကရော´´

''ကျန်းမာရေးကတော့မြင်တဲ့အတိုင်း အခုအထိသေသေချာချာမကောင်းမွန်လာသေးပါဘူး...အဲ့ဒီနေ့ကသူ့ရဲ့အကြံစည်သာအောင်မြင်သွားခဲ့ရင် ဂျူးဘဝတော့တကယ်ကိုမတွေးရဲစရာပါရှင်...တကယ်ပဲသေရင်တောင်သေသွားနိုင်ပါတယ် အဟင့်! ဟင့်!´´

မေးသမျှကိုဖြေရင်းနဲ့ပဲ သူမက သရုပ်ဆောင်စွမ်းရည်အပြည့်နဲ့ တသိမ့်သိမ့်ရှိုက်ငိုတဲ့အခါ အင်တာဗျူးသူနဲ့အခြားအဖွဲ့သားများက သနားဂရုဏာသက်စွာဝိုင်းကြည့်နေကြလေ၏။

ယနေ့ ဂျူးမိုင်ရာတက်နေသောဆေးရုံမှာ ပထမဆုံးအင်တာဗျူးကို လက်ခံဖြေကြားခြင်းဖြစ်သည်။အရင်ရက်တွေမှာ အပြင်လူဘယ်သူနဲ့မှအတွေ့မခံခဲ့ဘဲ ဆိုရှယ်ပေါ်ကပါ နှစ်ရက်လောက်ခဏပျောက်နေလိုက်တာကြောင့် ဂျူးမိုင်ရဲ့လက်ရှိအခြေအနေကို ပရိတ်သတ်အားလုံးကစိတ်ဝင်စားနေကြ၏။တစ်ချို့ကဆေးရုံဘက်ကိုဆက်သွယ်မေးမြန်းတာတွေတောင်ရှိပေမယ့် သူမရဲ့နောက်ခံပါဝါကြောင့် ဘယ်သူမှအနားမကပ်ဝံ့သလို လက်လွတ်စပယ်လည်းထုတ်မပြောဝံ့ကြပေ။

ယခုလည်းသူမကသာ အင်တာဗျူးဖြေပေးမယ်ဆိုပြီး မန်နေဂျာကတစ်ဆင့် သတင်းထောက်တွေခေါ်လိုက်ခြင်းဖြစ်သည်။အခုဆိုအမှုရင်ဆိုင်တာကလည်း အလယ်အလတ်အနေအထားရောက်ပြီမို့ အခြေအနေကို သူမနည်းနည်းထပ်လှုပ်ခါဖို့လိုသည်လေ...။အမှန်ဆိုဆေးရုံအခန်းမှာ ကိုယ်ရေးကိုယ်တာဗီဒီယို၊ဓာတ်ပုံရိုက်ကူးခွင့်မပေးပေမယ့် သူမကဖြင့် အင်တာဗျူးတောင်ဖြေနေလိုက်သေးသည်။ဆေးရုံမှာဆိုလည်း အားလုံးရဲ့ပစားပေးမှုနှင့်လုပ်ချင်ရာလုပ်ခွင့်ရှိတဲ့ဘဝမို့ ဒီကစားပွဲက တကယ်ပျော်စရာကောင်းလိုက်ပါဘိ။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now