Part 53

6.4K 217 22
                                    

ထည်ဝါခမ်းနားလွန်းသောဟိုတယ်ကြီးတစ်ခု၏နယ်နိမိတ်အတွင်းသို့ ကားလေးချိုးကွေ့ဝင်လိုက်ရင်း ရေတွေတမွှားမွှားဖြာထွက်နေသည့်ရေပန်းကြီးကို ကွေ့ပတ်မောင်းလာစဥ် ရွှေပုံ့မှာလည်း ရင်ခုန်သံတွေက ဝုန်းဝုန်းဒိုင်းဒိုင်းတိုးခုန်လျက်နှင့်...။

'Lunar Halo´ဟုအမည်ရသောဤဟိုတယ်ဟာ ရွှေပုံတို့လိုသာမန်လူတန်းစားတွေအတွက် အနားပင်မကပ်ဝံ့ခဲ့သော...၊social mediaကနေသာမြင်ဖူးခဲ့သော Luxuryဆန်ဆန် မိုးမျှော်အဆောက်အဦးကြီးဖြစ်လေသည်။ရောင်စုံမီးတွေဖြာလဲ့နေသည့် ထိုအထပ်မြင့်ကြီးအား ကားမှန်ပြတင်းထက်လက်ဖဝါးကပ်၍ လည်တိုင်လေးတစ်ညောင်းမော့ကြည့်ရင်း ရွှေပုံခြေဖျားလက်ဖျားတွေပင် အေးစက်လာရ၏။

''Relax Babe!
စိတ်အေးအေးထားနော် အစ်ကိုရှိတယ်´´

ရွှေပုံလေးကြောက်နေတာသိ၍ Mineဘေးကနေ နှစ်သိမ့်ပေးတော့ အဖြူထည်မျက်လုံးဝိုင်းလေးများက ဖျတ်ခနဲလှည့်ကြည့်သည်။

''ဆရာက ဘာလို့ဒီလိုပွဲမျိုးကို မမဝတ်မှုံနဲ့မတက်တာလဲဟင်´´

''သူက လူကြားသူကြားသွားလာရတာ
ဓာတ်ပုံအရိုက်ခံရတာတွေမကြိုက်ဘူး၊အဲ့ဒါကြောင့် ဘယ်ပွဲမှအတူတူတွဲမတက်ဖူးဘူး...နောက်ပြီးဘယ်မိန်းကလေးနဲ့မှလည်းတွဲမတက်ဖူးဘူး´´

''အယ်! ဟုတ်လား
ရွှေပုံ့ကိုကျဘာလို့ခေါ်ခဲ့တာလဲ´´

''ညီမလေးက အခုတလောလူသိများတဲ့အဆိုရှင်ဖြစ်လာတော့ စီနီယာတွေကြားပွဲတိုးစေချင်လို့ပါ..ဒီမှာကအစ်ကိုတို့လိုတေးရေးဆရာတွေ နောက်ပြီးတခြားဂီတပညာရှင်တွေလည်းရှိနေမှာဆိုတော့ ညီမလေးအတွက်အခွင့်အရေးအသစ်တွေလည်းရနိုင်တယ်လေ...အစ်ကို့အသိတွေနဲ့လည်းမိတ်ဆက်ပေးမယ်´´

''ဟုတ်
ဆရာ့ကိုကျေးဇူးတင်ပါတယ်´´

ဖြူစင်လွန်းသည့်အပြုံးလေးဟာ ဘယ်အခါကြည့်ကြည့်ရင်အေးစရာပင်...။ဒီခလေးလေးအပေါ်သူတွယ်တာနေမိတယ်ဆိုရာမှာ ပိုင်ဆိုင်လိုစိတ်တော့မထားဖြစ်အောင်ကြိုးစားပါသည်။ခလေးရဲ့နှလုံးသားမှာ ပိုင်ဆိုင်သူရှိနှင့်မှန်းလည်း သူအစကတည်းကသိသည်။ဒါကြောင့် အခုခံစားချက်ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အမှန်တရားပဲ။ရှေ့ဆက်လို့မရဘူး...သူသိတယ်။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Tahanan ng mga kuwento. Tumuklas ngayon