Part 98

10.7K 256 13
                                    

''တီ!´´

ခြံရှေ့မှ ကားဟွန်းသံကြားသည်နှင့် ဧည့်ခန်း၌စာဖတ်နေသော ဦးမိုးထင်သာကျိတ်ပြုံးလိုက်မိ၏။ဒါကရော...ထပ်ပြီးဘာကျန်ခဲ့ပြန်ပြီလဲမသိ။သားကအဲ့လိုပဲ...အခုနောက်ပိုင်းအလုပ်သွားရင် အိမ်မှာတစ်ခုခုမေ့ကျန်ခဲ့တယ်အကြောင်းပြပြီး အိမ်ကို၃ခေါက်ထက်မနည်းပြန်ပြန်လာတယ်။ပြီးရင်လည်း ဘာမှမယ်မယ်ရရမယူဘဲ အလုပ်ထပ်သွားလေရဲ့။တကယ်ကျန်ခဲ့တာက မိန်းမနဲ့သမီး။မြေးလေးကအခုဆို သုံးလကျော်လာပေမယ့် နုနုနယ်နယ်လေးရှိသေးတာမို့အပြင်တွေအရမ်းပေးမထွက်ပေ။ကိုယ်ဝန်ရကတည်းက danger zoneမှာနေခဲ့ရတဲ့အတွက် ခလေးငယ်ကိုရော မိခင်လေးကိုပါ မျက်စိဒေါက်ထောက်ကြည့်နေရတာပင်။

ဒီတော့ မိန်းမနဲ့သမီးကိုအပြင်ထုတ်မရတဲ့ ရှင်းထင်ကရမှာ ဘာကိစ္စရှိရှိ ဘာတွေပဲလုပ်လုပ် ဒီချည်တိုင်လေးတွေဆီပဲစိတ်ကလည်နေပြီး အလုပ်ကိုလည်းဖြောင့်ဖြောင့်မသွားနိုင်။လုံးဝမသွားတာလည်းမဟုတ်ဘဲ အလုပ်သွားလုပ်လိုက် အားတာနဲ့အိမ်ပြန်လာလိုက်ဖြင့် သူ့ခမျာရှုပ်ယှက်တွေခက်နေတာပါပဲ။အိမ်ပြန်လာချင်တာကို သိသိသာသာမလုပ်ဘဲ အရေးတကြီးယူစရာရှိလို့ဆိုတဲ့ဖိုင်တွဲများကတစ်ခုနှင့်တစ်ခုမထပ်နိုင်အောင် ပြောလည်းပြောနိုင်လွန်းပါတယ်။

သားက ဒီလိုမျိုးသူ့မိသားစုအပေါ်ခင်တွယ်တဲ့...၊တာဝန်သိစိတ်ရှိတဲ့အိမ်ထောင်ဦးစီးမျိုးလေးဖြစ်လာတာကိုမြင်ရတော့ ဖခင်တစ်ယောက်အနေနဲ့ သူတကယ်ကျေနပ်မိသည်။သူဟာ သားအတွက် ရှေ့ဆောင်းလမ်းပြကောင်းမွန်တဲ့ဖခင်မျိုးမဟုတ်ခဲ့သည့်တိုင် သားကတော့ ကိုယ့်ဘဝကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့ဇနီး၊ပြီးတော့ ချစ်စဖွယ်သမီးငယ်လေးနဲ့အတူ သေချာတိကျတဲ့အနာဂါတ်လေးတစ်ခု ပိုင်ဆိုင်ခဲ့ရလေပြီ။

''သား
မင်းပြန်လာပြန်ပြီ အိမ်မှာဘာကျန်ခဲ့သေးလို့လဲ´´

သိလျက်နဲ့တမင်ရုပ်တည်ကြီးနဲ့မေးတော့ သားခမျာ ရုတ်တရက်ဘာမှမဖြေသေးဘဲ ဇက်ပိုးလေးပွတ်ပြီး တစ်စုံတစ်ခုကိုအပြင်းအထန်စဥ်းစားနေဟန်တူ၏။ကြည့်ရတာ လွန်ခဲ့တဲ့နှစ်နာရီကပြောခဲ့တဲ့ ဖိုင်တွဲနာမည်နဲ့မတူတာကို စဥ်းစားနေတာဖြစ်မည်။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Dove le storie prendono vita. Scoprilo ora