Part 11

9.8K 253 4
                                    

''တောက်!´´

တစ်ဖက်မှ စိန်ခေါ်သလိုပြန်ပြောလာသည့် ကို့စကားသံက အေးစက်စက်နဲ့တင်းမာနေတာမို့ ဂျူးမိုင်ရာရဲ့ဒေါသတို့ ငယ်ထိပ်ဆောင့်တက်သွားရသည်။အရောင်ရင့်လာသည့်မျက်နှာဟာ အစွမ်းကုန်ပေါက်ကွဲနေခြင်းရဲ့သရုပ်ဖြစ်ပြီး တဆတ်ဆတ်တုန်ယင်လာသည့်နှုတ်ခမ်းတွေကို ဖိကိုက်ပစ်၍ လက်တွေကိုကျစ်နေအောင်ဆုပ်ထားမိ၏။

ကို့ဘက်ကတော့ပြတ်သားစွာပင် ဖုန်းချသွားခဲ့လေပြီ။သဘောက ဝင်လာရင် သူနဲ့ထိပ်တိုက်တွေ့မယ်ပေါ့လေ။သူက အဲ့ဟာမဘက်ကရှိနေမယ်ပေါ့။

ဟ!ဒါကဘာအချိုးလဲ ရှင်းထင်ကရ။ဘာမှိုင်းတွေမိနေတာလဲ??

''တောက်!!´´

ထပ်ပြီးသာတက်ခေါက်မိရပေမယ့် ခြေလှမ်းကလည်းအတွင်းဘက်ဆက်မဝင်နိုင်ပါ။ဒီလိုအချိန်မှာသာ ပြသာနာသွားရှာလိုက်မိရင် ကိုယ်ကပဲလူမိုက်ဖြစ်မှာမဟုတ်လား။ဟိုကောင်မက ပန်းနုသွေးဇာတ်ခင်းပြီး ကို့ရှေ့မှာ မျက်ရည်ခံထိုးပြရင် အခြေအနေကအခုထက်ပိုဆိုးတော့မှာလေ။ဒါလောက်တော့ ဂျူးတွေးတတ်ပါသေးတယ်။

နေနှင့်ဦးပေါ့...ရွှေပုံဖန်တီး။
ဲဒီနေ့တော့ နင်ကံကောင်းသွားတယ်မှတ်...။
*
*
*
*
*
*
*
''ပေါက်စရော့...ဒီမှာကြက်ကြော်စားဦးလေ´´

''ဟုတ်...ဒါနဲ့အစ်ကိုတို့ကဘာတွေသောက်နေတာလဲ´´

''အဟဲ! ဒါက Changလေ
ဘီယာ ဘီယာ´´

''ဟမ်! အဲ့ဒါတွေ ဘယ်ကရောက်လာတာလဲ´´

ရွှေပုံမျက်လုံးပြူးလေးနဲ့မေးတော့ အမျိုးသားတစ်သိုက်ကရယ်သည်။ရယ်ပေမပေါ့...ရွှေပုံ့ပုံစံကလည်း ယောကျ္ားလေးလက်ထဲအရက်တွေ့တာကို ထူးဆန်းသလိုကြီးပြူးကြောင်ကြောင်ကြည့်နေတာကိုး...။

''နင်ကလည်းဟာ ယောကျ္ားလေးဘီယာသောက်တာဘာဖြစ်လဲ...ဒါက ငါတို့ဆီမှာအဲဗားရှိပြီးသား၊ထွက်ဝယ်စရာတောင်မလိုဘူး´´

''အစ်ကိုတို့နော်...သူများမွေးနေ့မှာနော်´´

''ကြက်ကြော်က ဘီယာနဲ့လိုက်တယ် ပေါက်စရဲ့´´

''ကြက်ကြော်က ကိုလာနဲ့လိုက်တာပါ´´

စူပုတ်ပုတ်ရုပ်လေးနဲ့ပြောရင်း ဘေးကိုလှမ်းကြည့်တော့ ကိုကိုထိုင်ခဲ့သောနေရာရှေ့မှာ ဘီယာတစ်ဗူးတင်ထားလေ၏။ထိုအခါ ရွှေပုံ့မျက်နှာလေးပို၍ စူပုတ်သွားရပြီး...

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Donde viven las historias. Descúbrelo ahora