Part 28

8.6K 241 22
                                    

''ချွင်! ချွင်! ချွင်!´´

''အဟင်း! ဖြေးဖြေးပါ ငယ်လေးရဲ့
ချော်လဲကျမယ်လေ´´

''ချွင်! ချွင်!´´

တမင်မြည်အောင်ပြုလုပ်နေသောအသံလေးကြောင့် ရှင်းထင်ပြုံးမိရင်း အဆိုးလေးသွားရာနောက်တကောက်ကောက်လိုက်နေရသည်။အရှေ့ကသွားနေတဲ့ ပုလုံးလုံးလေးရဲ့ခြေလှမ်းတို့ဟာ မြောက်ကြွမြောက်ကြွနှင့် လွင့်ခါနေတာများ ထိုခြေထောက်ကလေးတွေဟာ မြေပေါ်ထိရဲ့လားပင်မသိတော့။အိမ်ဝယ်လိုက်ပြီးကတည်းက ခလေးကဒီလိုဖြစ်နေတာ အခုထိ။

ညနေခင်းဟာ သူမရဲ့ရယ်သံလေးကြောင့် ပိုသက်ဝင်နေသည်။စိတ်ခံစားချက်တွေကို ဖုံးကွယ်ခြင်းအလျဥ်းမရှိဘဲ ရိုးစင်းလွန်းတဲ့ သူမဟာ ကမ္ဘာကြီးထဲက အဖြူစင်ဆုံးဖြစ်တည်မှုလေးနှယ် စွဲမက်စရာကောင်း၏။

ဖြူစင်တယ်။
ရိုးရှင်းတယ်။
ဒါပေမဲ့ တွယ်ငြိစေတတ်တယ်။ရယ်သံလွင်လွင်လေးဟာ အကြားအာရုံကနေ နှလုံးသားထဲအထိ နူးနူးညံ့ညံ့စီးဝင်သွားသလိုပဲ။ငယ်လေးပျော်နေတာကိုမြင်တော့ သူ့ရင်မှာလည်း အလိုလိုကိုပန်းတွေပွင့်တယ်။

ချစ်လိုက်တာ ကိုကို့အသည်းအသက်လေးရယ်...။

''ပူတူးလေး...အရမ်းပျော်နေတာ
ဒီမှာ ဖိနပ်ကြိုးတွေပြေကုန်ပြီ အချစ်ရဲ့...ခဏလေးရပ်ဦး´´

သူပြောလိုက်မှ ခြေလှမ်းလေးတုံ့ခနဲရပ်ကာ ဖိနပ်လေးကိုငုံ့ကြည့်သည်။ကြိုးပြေနေတော့ စိတ်ရှုပ်ထွေးသလိုနှုတ်ခမ်းလေးမဲ့သွားပြီး...

''ဒီလိုဖိနပ်ကြီး စီးတတ်ဘူး
ငယ်လေးမှကြိုးမချည်တတ်တာ´´

''အဟွန်း! ကိုကိုလုပ်ပေးမှာပေါ့ ခလေးရဲ့´´

ပြောရင်းဖြင့်ရှင်းထင် ခလေးအရှေ့မှကျော်ရပ်ကာ ဒူးတစ်ဖက်ထောက်၍ထိုင်လိုက်ပြီး ဖိနပ်ကြိုးလေးကိုချည်ပေးလိုက်သည်။

ဖိနပ်ကြိုးချည်ဖို့ကတကယ်ဆိုအခက်အခဲကြီးမဟုတ်ပါချေ။သို့သော် ငယ်လေးက အမြဲလို cute typeကွင်းထိုးဖိနပ်လေးတွေပဲစီးနေကျ...။အိမ်ကလိုက်လာတုန်းက ဖိနပ်တောင် မစီးခဲ့တော့ ရှင်းထင်အသစ်ဝယ်ပေးထားတာက ကြိုးချည်ရတဲ့ရှူးလေး။သင်ပေးရင်ရပါလျက် အပြင်ထွက်တိုင်း ကိုယ်တိုင်ပဲစီးပေး၊ကြိုးချည်ပေးတာမို့ ငယ်လေးက ဒီကိစ္စကိုတတ်မြောက်ဖို့မကြိုးစားတော့ပေ။လမ်းလျှောက်များလို့ကြိုးလျော့လာတိုင်း ခြေထောက်လေးသူ့ဆီထိုးပေးတော့တာ။ဆိုတော့ ပိုဂျစ်တတ်၊ပိုချွဲတတ်လာတွေလေးက ခလေးကိုပဲအပြစ်ပြောလို့မရဘူးလေ။သူကလည်း သူ။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Donde viven las historias. Descúbrelo ahora