Part 35

7.8K 256 6
                                    

''ကိုကို...အဲ့ဆရာမတွေကလည်းကြာလိုက်တာ
ခုထိလာသေးဘူး´´

''ခဏလေးစောင့်ပါ ပူတူးရယ်
အိမ်ပြန်ရတော့မှာပါ´´

''ဟွန့်! ၁၂နာရီထိုးတော့မှာပါဆို´´

ကုတင်ထက်မှ ခြေထောက်လေးနှစ်ဖက်တွဲလောင်းချကာ လွှဲရမ်းကစားရင်း ငြူငြူစူစူလုပ်နေတဲ့ခလေးကြောင့် ရှင်းထင်တစ်ချက်ပြုံးကာကြည့်မိ၏။ဆေးရုံမှာ ၃ရက်လောက်ထပ်နေပြီးကုသမှုခံရတာမို့ ဖြစ်စကထက်များစွာသက်သာလာပါသည်။မျက်နှာအသွေးအရောင်လေးက အရင်နေ့တွေကထက်ပိုကောင်းလာပြီး လူကလည်းလန်းလန်းဆန်းဆန်းရှိလာတဲ့ခလေးဟာ နေ့ရှိသရွေ့အိမ်ပြန်ဖို့ပဲပြောနေတာမို့ ယခုဒီနေ့မှာ အိမ်ခေါ်သွားတော့မည်ဖြစ်သည်။ဆရာဝန်ကလည်း ခွင့်ပြုထားပေမယ့် ဆေးရုံဆင်းခွင့်လက်မှတ်ကမရသေး၍ ဘဲပေါက်လေးကနှုတ်ခမ်းထော်နေလေပြီ။

''ခလေးလေး ပျင်းလို့လား
ရော့! ဂိမ်းဆော့မလား...ဒါမှမဟုတ် သီချင်းနားထောင်ချင်လား´´

ပြောရင်းဖြင့် ရှင်းထင်ဖုန်းကို ခလေးလက်ထဲထည့်ပေးကာ အနားလေးကပ်ထိုင်သည်နှင့် အချွဲပိုလေးက ရင်ခွင်ထဲတိုးဝင်လာတော့၏။သို့နှင့် အလိုက်သင့်ပြန်လည်ထွေးပွေ့ထားတဲ့အခါ ခလေးက လူကိုလာမော့ကြည့်၍...

''ဖုန်းထဲကသီချင်းနားထောင်ချင်ဘူး
ကိုကိုဆိုပြ´´

''အဟင်း! ကိုကိုဆိုတာနားထောင်လို့လည်းမကောင်းဘဲနဲ့ကိုကွာ´´

''ဘာလို့မကောင်းရမှာလဲ
ကိုကို့အသံကောင်းတယ်´´

''လာပြီးမြှောက်မနေနဲ့
အဲ့နေ့က ငယ်လေးငိုနေလို့ချော့သိပ်ပေးဖို့ဆိုလိုက်တာပဲရှိတယ်...အသံကြီးက နာပြီးကွဲနေတာ၊ဘယ်နားကကောင်း?´´

''ကိုကိုကလည်း ငယ်လေးကသီချင်းဆိုနေတဲ့သူပါနော်...ဝါရင့်တဲ့သူမဟုတ်ပေမယ့်လို့ နားထောင်ရအဆင်ပြေမပြေလောက်တော့သိပါသေးတယ်´´

''.....´´

''ပြီးတော့ ငယ်လေးကသီချင်းတွေနဲ့ပတ်သက်ရင်ဘက်မလိုက်ဘူး...ဆိုတဲ့သူကိုကိုဖြစ်နေလည်း မကောင်းရင်မကောင်းဘူးပဲပြောမှာ´´

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Tahanan ng mga kuwento. Tumuklas ngayon