Part 49

6.7K 214 5
                                    

'ငါ ဂျူးမိုင်ရာကိုtrainingပြဖို့ ဆက်မလုပ်နိုင်တော့ဘူး သူရိယ´´

''......´´

''အဲ့အတွက် လျော်ကြေးပေးရမယ်ဆိုလည်းရတယ်
ဒါမှမဟုတ် ငါအလုပ်ထွက်မယ်´´

ရှင်းထင်ပြောနေသမျှကို သူရိယဘာမှပြန်မဖြေသေးဘဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသည်။တကယ်တော့ မနေ့ကကိစ္စ သူလည်းကြားပြီးပါပြီ။ဂျူးမိုင်ရာတမင်တကာလုပ်တယ်လို့လည်း ပြောတဲ့သူကပြော၏။သို့ကြောင့် ရှင်းထင်သည်လိုပြောလာတာ အမှားဟုတော့ သူ,မယူဆချေပါ။

''တောက်! အဲ့မိန်းမတော်တော်အလုပ်မဟုတ်တာပဲကွာ
ငါမနေ့ကစောစောပြန်သွားမိတော့ ပွဲကြီးပွဲကောင်းလွတ်သွားတာပဲ...ခလေးကိုအဲ့လိုလုပ်တာသာငါ့ရှေ့မြင်ကြည့်...မင်းတို့လိုသည်းခံနေမှာမဟုတ်ဘူး...ကောင်းကောင်းဆုံးမပေးလိုက်မှာ´´

''ငါတို့ကလည်းအကျယ်အကျယ်မဖြစ်ချင်လို့ပါကွာ...ပြီးတော့ပေါက်စကိုယ်တိုင်ကတောင် ထိန်းပြီးနေပြသွားတာပဲကို´´

စောထက်ပိုင်မကျေမချမ်းပြောဆိုနေခြင်းကို လေးမြတ်ကဝင်ပြီးဖျန်ဖြေ၏။သူရိယကတော့ အခြေအနေအရပ်ရပ်ကိုသုံးသပ်သလိုဟန်ဖြင့် ငြိမ်နေသည်။

''ငါတို့ပေါက်စလေးက အံ့ဩဖို့ကောင်းလောက်အောင်ရင့်ကျက်နေတာပဲကိုး...သူ့ရင်ထဲတော့ဝမ်းနည်းသွားရှာမှာကို ငရှင်းသိက္ခာအတွက်နဲ့သည်းခံပေးတာ´´

''ဟုတ်တယ် ငါအစကကြည့်နေရင်း ရင်တုန်သွားတာ
ငရှင်းတော့ သေပြီပေါ့...အဲ့မတိုင်ခင်ကတောင် ငါဒီကောင့်ကိုသတိပေးနေသေးတယ်´´

''ငါတို့တွဲဖူးတဲ့ချာတိတ်မတွေသာဆိုရင်တော့ ဘယ်ရမလဲ...အဲ့နေရာတင်ဆံပင်ဆွဲ၊ပါးရိုက်တွေဖြစ်ကုန်မှာ...ဘယ်လိုမှရှင်းလို့ရမှာတောင်မဟုတ်ဘူး´´

''မင်း ခလေးကိုတန်ဖိုးထား ငရှင်း
ခလေးလေးဘယ်လောက်တော်လဲ တွေ့လား´´

သူငယ်ချင်းတွေပြောလာတော့ ရှင်းထင်မှာခေါင်းလေးတငြိမ့်ငြိမ့်နှင့် ကိုယ့်ခလေးငယ်အတွက် ဂုဏ်ယူမဆုံးနိုင်။အရည်ကြည်တွေရစ်သိုင်းနေသော မျက်ဝန်းအိမ်တို့မှာမနေ့က ခလေးလေးရဲ့ပုံရိပ်နဲ့စကားသံတွေပြန်မြင်ကြားယောင်တော့ ကြည်နူးမှုပီတိအဟုန်သည် ရင်မှာတရိပ်ရိပ်ယှက်သမ်းနေလျက်...။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Donde viven las historias. Descúbrelo ahora