Part 34

8K 231 4
                                    

'မဟုတ်ပါစေနဲ့၊မဖြစ်စေပါနဲ့´ဟူသောဆုတောင်းတွေဟာ ရင်ဘတ်တစ်ခုလုံးကွဲထွက်မတတ်ပဲ့တင်ထပ်နေရင်း သူ့ခြေလှမ်းတို့က ထိုနေရာဆီအရူးတစ်ပိုင်းပြေးသွားမိ၏။

အက်စီးဒင့်ဖြစ်ထားသည့်လမ်းထိပ်အနားဆီရောက်တဲ့အခါ ဝိုင်းအုံကြည့်နေကြသောလူအုပ်ကတိုးမပေါက်နိုင်အောင်ရှိနေခဲ့သည်။အဝေးဆီမှမောင်းနှင်လာသော အရေးပေါ်ကားသံတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးဆူညံစွာရိုက်ခတ်နေပြီး တဖျတ်ဖျတ်လက်နေတဲ့အနီရောင်မီးက အမှောင်ကြီးစိုးသောကောင်းကင်ထက်မှာ ခြောက်ခြားဖွယ်ထင်ဟပ်နေလျက်...။

''ငယ်လေး!!´´

အသံကုန်အော်ဟစ်ရင်း အားလုံးကိုတွန်းတိုက်ကာ ရှင်းထင်ထိုလူအုပ်ကြားပြေးဝင်သည်။ဆောက်တည်ရာမရသောစိတ်ပူပန်ခြင်းတွေနှင့်အတူ မျက်လုံးတွေဟာလည်း ပီပြင်စွာမမြင်ရတော့။အရှေ့ဘက်မှပိတ်ရပ်နေသောကျောပြင်တွေကပဲ ကျောက်သားလိုမာနေခဲ့သလား။သူကပဲ ခြောက်ခြားစိတ်နဲ့တစ်ကိုယ်လုံးကအားတွေ ယုတ်လျော့ကုန်သည်လား။တော်ရုံနဲ့လူအုပ်ကမကွဲဘဲဖြစ်နေသည်မို့...

''ဖယ်!!
ကျုပ်အရှေ့ကအားလုံးဖယ်´´

လည်ချောင်းတွေကွဲသည်အထိ ဒေါသတကြီးထပ်၍အော်မှ လူတွေလှည့်ကြည့်ကာ ဘေးတစ်ဖက်စီအနည်းရို့ပြီးဖယ်ပေးလေ၏။ထိုအခါ အခင်းဖြစ်နေရာမှာတွေ့လိုက်ရသောပုံရိပ်သည် ရင်ထဲရှိသမျှသောအစိတ်အပိုင်းတို့ကို အစိမ်းလတ်လတ်ဆွဲထုတ်သွားသလိုပင်။အမျိုးသမီးတစ်ဦးရဲ့လက်ထဲပွေ့ထားလျက် လဲကျနေတဲ့ မိန်းကလေး။ပွေ့ထားသူရဲ့ကျောပြင်ကွယ်နေ၍ မျက်နှာကိုမတွေ့ရပေ။သို့သော် အောက်ပိုင်းကခရမ်းရောင်ဂါဝန်အနားစလေးကို မြင်လိုက်ချိန်မှာ ရှင်းထင်ခြေထောက်တွေညွှတ်ခနဲဖြစ်သွားရင်း...

''ခ...ခလေး!!!
မဟုတ်ဘူး....ငယ်လေးမဟုတ်ရဘူး´´

အရူးတစ်ယောက်လိုအသွင်နှင့် ခေါင်းတခါခါငြင်းရင်းမခိုင်ချင်တော့သည့်ခြေထောက်တွေနဲ့ပဲ သူ ထိုနေရာဆီထပ်ပြေးသွားမိ၏။

''ငယ်လေး!!´´

ဘယ်သောအခါမှမျက်နှာသာမပေးတတ်သော ဆုတောင်းတွေ...။ဒီအချိန်မှာလည်း လွဲခဲ့ရပါသည်။ထိုအမျိုးသမီးလက်ထဲသတိလစ်နေတဲ့ ခလေးမလေးသည် တကယ်ပဲ သူ့ရဲ့အသည်းအသက်လေး။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Место, где живут истории. Откройте их для себя