Part 37

8.7K 246 11
                                    

'ငယ်လေး!
ဆံပင်တွေလျှော်ထားတာ ခြောက်ရောခြောက်ရဲ့လား ခလေးရယ်...ညနေဘက်ကြီးကိုကွာ´´

''......´´

''မင်းနှယ် လုပ်ချင်ရာလေးတွေလျှောက်လုပ်နေတော့တာပဲ၊ဖျားသွားရင်ဘယ်လိုလုပ်မလဲ စာမေးပွဲကမနက်ဖြန်သဘက်ဖြေရတော့မယ်´´

''ဆံပင်ကခြောက်နေပါပြီ ကိုကိုကလည်း
ဒီီနေ့ကရေလာရက်မို့ လာတုန်းလေးလျှော်လိုက်တာ...၅နာရီဆိုမီးကလည်းပျက်...ပျက်တော့...ဟပ်!! ချိုးးး!!´´

''တွေ့လား?
မင်းကိုတော့ ဆူမိတော့မယ်ကွာ!!´´

''ခုလည်း ဆူနေတာပဲဟုတ်ဘူးလား...ဟွန့်!´´

ရွှေပုံကျက်နေသည့်စာအုပ်ကိုဖျတ်ခနဲပိတ်လျက် နှုတ်ခမ်းလေးစူ၊လက်လေးပိုက်ပြီး မျက်နှာတစ်ဖက်လွှဲတော့ ကိုကိုကအရင်လိုမချော့ဘဲ ခါးထောက်၍မျက်မှောင်ကျုံ့ကြည့်နေ၏။

အလုပ်ကပြန်လာကတည်းက ဘေးနားမှာတဗျစ်တောက်တောက်ဆူပူနေသည့်ကိုကို့ကြောင့် ရွှေပုံနားရွက်ကလေးတွေမီးတောက်တော့မလားတောင်ထင်ရသည်။အခုလည်းအိပ်ခန်းထဲဝင်လိုက်၊ဧည့်ခန်းပြန်လာလိုက်နဲ့ ပျားပန်းခတ်နေတဲ့ခြေလှမ်းတို့ဟာ ဆေးတိုက်ဖို့လုပ်နေခြင်းမှန်း ရွှေပုံသိပါသည်။

ရွှေပုံတို့နေတဲ့ရပ်ကွက်မှာ ရေကတစ်ရက်ခြားပဲလာတာဖြစ်သလို မီးကလည်းအချိန်နဲ့တစ်လမ်းစီအလှည့်ကျပေးတာဖြစ်သည်။သို့ကြောင့်ရေလာ၊မီးလာချိန်လေးလှုပ်ရှားရတာမို့ ခေါင်းလျှော်ချိန်ကညနေပိုင်းရောက်သွား၍ ကိုကိုပြန်လာရင်ဆူမယ်ဆိုတာသိပေမယ့် ဘာမှသိပ်မဖြစ်လောက်ဘူးပဲထင်လိုက်တာပင်။

ကိုကိုက ရွှေပုံနဲ့ပတ်သက်ရင်အရမ်းအသေးစိတ်ဂရုစိုက်လွန်းသည်။အခုစာမေးပွဲဖြေရမယ့်ရက်ပိုင်းတွေမှာဆို နေထိုင်မကောင်းဖြစ်သွားမှာအရမ်းစိုးရိမ်ပြီး အိပ်ချိန်ပုံမှန်သတ်မှတ်ပေးသည်။စားချိန်နဲ့စားရမယ့်အစားအစာကိုလည်း ကိုယ်တိုင်သေချာချက်ပြုတ်ကျွေး၏။ရွှေပုံ့ကိုတော့စာမေးပွဲပြီးမှ မီးဖိုခန်းပြန်ဝင်ဖို့ိမှာသည်။အခုဆို ပေါင်းအိုးနဲ့ချက်ရတဲ့ထမင်းကိုတောင် အရင်လိုပေးမချက်တော့။အကြောင်းက စာရေးမယ့်လက်မှာ အငွေ့ဟပ်တာ၊အပူလောင်တာဖြစ်သွားမှာစိုး၍တဲ့...။

💜ကိုကိုနဲ့ပဲ ရှေ့ဆက်မှာ...💜(Completed)Where stories live. Discover now