part10

22K 256 10
                                    

"အဆင်ပြေရဲ့လားအကိုလေး.. "

"ပြေသွားပြီးလိုအပ်တဲ့သွေးက o သွေးဆိုတော့ဆေးရုံမှာအဆင်သင့်ပဲရှိနေတယ် ဒါနဲ့ မမမိုးရော ဘာလို့အိမ်မှာမရှိတာလဲ..

"ကျွန်တော်လဲမသိဘူး မနက်ကတည်းကထွက်သွားတာပဲ"

"သူ့ကိုဖုန်းဆက် အခု မြန်မြန်ဆက်..

ဂျက်စ်လဲကြောင်တောင်တောင်နဲ့ဖုန်းဆက်ပြီး တံခွန်မင်းဆက် ကိုဖုန်းပေးလိုက်သည် ဖုန်းကိုကိုင်တဲ့လူကယောကျ်ားကြီးတစမယောက်ဖစ်နေသည်

"ဟယ်လို....ဘယ်သူလဲ..

."ဟယ်လို...

"မင်းကရော ဘယ်သူလဲ.. အခုဖုန်းကိုင်ထားတာ

"ငါက..

ချက်ချင်းဆိုသလို ရွှေရည်မိုးထက်မေက သူယောကျ်ားကြီးထဲကဖုန်းကိုလုယူပြီး

"မမရဲ့အကိုပါသူက ဘာဖစ်လို့လဲမောင် ဖုန်းဆက်မဆက်စဖူး အဆက်ထူးလို့...

"ခများကို မနက်ကဒီလောက်ပြောလိုက်တာ ဖြူကိုရေချိုးခန်းထဲက ထွက်ခိုင်းပြီးဆေးထည့်ပေးပါဆိုတာ ခများဘာလို့အခုလိုလုပ်လိုက်တာလဲဟမ်း..အခုသူဘာဖစိနေလဲသိလား သူသာတစ်ခုခုဖစ်ရင် ခများအသက် ပျောက်ပြီးသာမှတ်...

"ဟင့်...ဟီး... မောင်ကဘာမှမမေးပဲ.. ဟီး... မမကိုအော်နေတယ်ပေါ့... မမက သူ့ကိုဘာလို့ရေချိုးခန်းထဲက မထွက်ခိုင်းပဲ ထားပါ့မလား.. မမရေချိုးခန်းထဲကိုသွားပြီး သူ့ကိုရေချိုးခန်းထဲကထွက်ဖို့ပြောတယ် ဆေးထည့်ပေးပြောတယ် ငါလက်မခံဘူး သူကရေချိုးခန်းထဲမှာပဲနေမယ်တဲ့ မောင်သူ့ကိုပြန်လာမချော့မချင်း...ဟီး..မောင်ရယ်. ..မမက သူ့ကိုတောင်ငယ်ငယ်ထဲ သေချာ ​ပြုစုလာခဲ့ပေးတာ မမသာ သူ့ကို ဂရုမစိုက်ရင် သူသေတာကြာပြီးပေါ့..

တံခွန်မင်းဆက် သူမပြောတဲ့အလိမ်ညာစကားတွေကိုယုံသွားခဲ့သည် သူမစကားပြောပုံကလဲတကယ်ယုံခြင်စရာကောင်းလှသည်

"ဒါပဲနော် မဲဆောက်ဆေးရုံရောက်နေလို့ အိမ်ရောက်မှတွေ့မယ်...

တံခွန်မင်းဆက် ချက်ချင်းဖုန်းချပြီး သူဒေါသတွေက ပြန်ထွက်လာရသည် သူ့ကတော့သနားလိုက်ရတာ ဆေးရုံကိုအပြေးအလွှားပို့လိုက်ရတာ နှင်းဆီဖြူ က အကျင့်မကောင်းဘူး သူ့ခေါင်းမာပီးသူချော့တာခံချင်တယ် အဲ့လိုအတွေးတွေဝင်လာခဲ့သည်

ငါ့အမိန့်နာခံ Where stories live. Discover now