part12🔞🔞🔞

28.9K 273 15
                                    

Ostello Bello Mandalay Hostel ရောက်တော့ ရွှေရည်မိုးထက်မေတို့ယူထားတဲ့အခန်းရှိရာကိုသော့ယူပြီးလာခဲ့သည် Hostelဆိုတာက ဟိုတယ်လိုမဟုတ်ဘူးရယ် တစ်ခန်းထဲမှာ တစ်ခြားလူတွေနဲ့ရောနေရတဲ့နေရာမျိုးလေး ...တစ်ယောက်ထဲလာရငိတခြားလူတွေနဲ့ရောနေရတာများတယ် တကယ်လို့အဖွဲနဲ့လာရင်တစ်ခန်းထဲမှာ လူတွေစုနေရတဲ့သဘောမျိုးပေါ့ ဂျက်စ်က 4ယောက်အခန်းကို တစ်ယောက်စာပိုက်ဆံပိုပေးပြီး သီးသန့်ပုံစံလေးငှားလိုက်သည် ရွှေရည်မိုးထက်မေကတော့ဒါကိုသဘောမကျပေ သူမနေချင်တာက တံခွန်မင်းဆက်နဲ့နှစ်ယောက်ထဲဖစ်တာကြောင့်

"ဆင်းတော့လေ နှင်းဆီဖြူ ..ဘာလို့မင်းရင်သားကိုကိုင်ထားတာ မင်းအရမ်းfeelတတ်ပြီး အောက်ဆင်းဖို့မေ့နေတာလား...

"မ..မဟုတ်ရပါဘူး ဦး..ဖြူ ဒီနေရာမှာဆင်းရမယ်မှန်းမသိလို့ပါ..

"အခုသိပီးမဟုတ်လား ဆင်းတော့ မြန်မြန်"

သူမဆိုင်ကယ်ပေါ်ကဆင်းပြီး တံခွန်မင်းဆက်နောက် ကုတ်ကုတ်လေးလိုက်လာခဲ့သည် အထဲရောက်တော့ဂျက်စ်ကိုဖုန်းဆက်ပြီးသူတို့ကိုလာခေါ်ခိုင်းသည်
အခန်းထဲကိုဝင်သွားတော့ နှစ်ယောက်အိပ်ကုတင်နှစ်ခုရယ်ပဲရှိတာကြောင့် တခွန်မင်းဆက်မျက်လုံးတွေပါပြူးကုန်သည် နှစ်ယောက်အိပ်ကုတင်ဆိုသည်မှာ အပေါ်ထပ်နဲ့အောက်ထပ်နှစ်ဆင့်ကုတင်ဖစ်သည်(အဲ့ကုတင်ကဘယ်လိုခေါ်လဲမသိဘူးရှင်ပ သိရင်ပြောပြပါဦး မေပြောပြမတတ်လို​ြ)

"ဘယ်လိုပုံစံကြီးလဲ ကလေးကလားနဲ့ငါအိပ်လို့အဆင်မပြေဘူး"

"မောင်ကလဲ ဒီလောက်နာမည်ကြီးနေတာကို ဒီhostelက စမ်းအိပ်ကြည့်ပါလား "

"မအိပ်ချင်ဘူး..

အမှန်တကယ်ကသူအိပ်ချင်တယ်အဲ့လိုပုံစံမျိုးကိုသူလဲသဘောကျသည် မအိပ်ချင်ဘူးဘာလို့လိမ်ပြောလဲဆိုတော့ သူသာအိပ်လိုက်ရင် နှင်းဆီဖြူ နဲ့ဂျက်စ်ကတစ်ကုတင်အိပ်ရမှာဖစ်သည် သူကနှင်းဆီဖြူနဲ့တစ်ကုတင်အိပ်ဖို့ကမဖစ်နိုင်...ရွှေရည်မိုးထက်မေက ပေါက်ကရတွေပြောမှာလဲသူမလိုလား ဒါကြောင့် သူမအိပ်ချင်းဖစ်သည်

ငါ့အမိန့်နာခံ Onde histórias criam vida. Descubra agora