အပိုင်း15🚫🚫🚫🚫ရိုင်းရိုင်းစိုင်းစိုင်းစကားများပါဝင်သည်

27.3K 278 9
                                    

တံခွန်မင်းကတော့ သူလိုချင်တာရသွားတော့ ပျော်ပျော်ရွှင်ရွှင်ပဲအိပ်ပျော်သွားသည် နှင်းဆီဖြူကတော့သူမလိုချင်တဲ့အရာ သူမဖစ်ချင်တဲ့အရာတွေ ရုတ်တရက်ကြီးဖစ်သွားတာကြောင့် သူမကိုယ်သူမ ရင်နာလို့မဆုံးပေ အခုသူမဘဝက ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့ပေ အပြင်လောကကိုထွက်သွားဖို့ကလဲ သူမကလဲနားမလည်ပေအပြင်လောကအကြောင်းသူမကစာလဲမတတ်.. အခုသူမ ဘာလုပ်ရမှန်းမသိ
သူမ လုပ်သင့်တာတစ်ခုတည်းသာရှိတော့သည် သူမသေသင့်ပြီးဆိုသာဖစ်သည် သူ့ကိုသူသတ်သေဖို့ကလဲ မရဲ...ဒါကြောင့် တံခွန်မင်းဆက်ကိုသူမကိုသတ်ခိုင်းဖို့ တစ်ခုသာနည်းလမ်းရှိတော့သည်

"ထဦး..ဦးတံခွန်မင်းဆက် ကျွန်မကိုသတ်ဖို့ထပါဦး"

သူမအခုအရွယ်ထိ တံခွန်မင်းဆက်ကိုတခါမှနာမည်အပြည့်အစုံအခေါ်ဖူးပေ
"ဦးတံခွန်မင်းဆက် .."

သူမအကျယ်ကြီး အော်တဲ့အသံကြောင့် တံခွန်မင်းဆက် အိပ်နေရာကနေလန့်နိုးသွားသည် ဘေးကိုကြည့်တော့ မိုးလင်းဟန်မတူသေးပေ

"ဘာလို့ဖစ်တာလဲ..နှင်းဆီဖြူ ..မင်းဘာလို့ငါ့နာမည်ကိုခေါ်တာလဲ.."

"ကျွန်မကိုသတ်ပေးလိုက်တော့ အသက်မရှင်ချင်တော့ဘူး.. ကျွန်မ ပင်ပန်းနေပြီးအရမ်း ..ကျွန်မကိုသတ်လိုက်ပါတော့ ...ကြားလား.. "

"ဘာအရူးထနေတာလဲ ..စိတ်ကိုငြိမ်ငြိမ်ထား..."

"မထားတော့ဘူး..ရှင်ကြည့်ပါဦး..ကျွန်မဘဝကြီးကအခုဘာတွေများလုပ့ရတော့မလဲ ကျွန်မကိုဖာတန်းတော့မပို့နဲ့တော့ သတ်ပဲသတ်လိုက်တော့...ရှင်လုပ်ချင်သလိုလဲလုပ်လို့ရသွားပြီးဆိုတော့ "

"မင်းဘာစကားပြောတာလဲ နှင်းဆီဖြူ"

နှင်းဆီဖြူအသက်မပါတဲ့အပြုံးလေးတစ်ခုပြုံးပြီး

"ဘာလဲ ရှင်ကကျွန်မကို ကျွေးခဲ့တဲ့ ကျေးဇူးပြန်ဆပ်ခိုင်းမို့ လား..အင်း..ဟုတ်ပါတယ်လေ ရှင့်အတွက်ကရှင့်...

သူမထက်ပြောချင်တဲ့စကားတေက စကားပြောဖို့တောင် အင်အားကမရှိတော့ပေ..

"မင်းကတော်တော်ရိုင်းတာပဲ...ငါ့ကိုမင်းကဦးတံခွန်မင်းဆက်ပေါ့လေ.. ဘာကောင့် အားကိုးနဲ့ငါ့နာမည်ကိုအခုလိုခေါ်ရဲတာလဲ"

ငါ့အမိန့်နာခံ Onde histórias criam vida. Descubra agora