part 30

13.3K 227 4
                                    

"ဖြူရေ...ဒီမှာနင့်အတွက်..ဂါဝန်လေးဝယ်လာတယ်..လာစမ်းဝတ်ကြည့်ဦး...

"မလိုပါဘူးဟယ်...ငါက ကလေးအမေဖစ်နေပြီးဖစ်သလိုဝတ်လို့ရတယ်ဟာ...

"ဖစ်သလိုဝတ်လို့ရတာပေါ့ အိမ်မှာနေရင်.. ညကျရင်ပါတီရှိလို့... ဂါဝန်လေးဝယ်လာပေးတာ.. စမ်းဝတ်ကြည့်ဟာ...မြန်မြန်သွား...ကလေးတွေငါထိန်းထားပေးမယ်...

"နင်ကလဲဇွတ်ပဲ....ပေးပေး..သွားဝတ်မယ်...

ဂါဝန်လေးကိုကြည့်တော့ သူနဲ့တော်တော်လိုက်မဲ့ပုံစံလေးဖစ်သည် ကလေးနှစ်ယောက်သာမွေးထားတာ သူမ အပျိုလေးတစ်ယောက်လိုလှတုန်းဖစ်သည်..
ဂါဝန်လေးက အဖြူရောင်ကိုမှာ အပေါ်ကအနီရောင်လေးတင်ထားတော့ တော်တော်ကြည့်ကောင်းသည်သူမကအသားဖြူတော့ မိတ်ကပ်မလိမ်းထားတာတောင် ပြောစရာမလိုအောင်လှသည်.. ဂါဝန်က သူမနဲ့ဆိုနည်းနည်းတိုတယ်လို့ထင်ရသည်.. ဂါဝန်ဝတ်ပြီး ရေချိုးခန်းထဲက ထွက်လာတော့.. သူမရဲ့အလှက မင်းခန့်အောင် ကိုအသက်ရှုမှားလောက် ဖစ်သွားစေသည်...

"လှလား...ဘာလိုလဲ...ငါကြည့်တာတော့ ငါနဲ့တိုသလိုပဲရော...

"မတိုပါဘူး..ဒီလောက်လှတာကို..ဒီမှာ ကလေးတွေအတွက် အကျီတွေ...

"ဟဲ့..ငါကလေးတွေက ငယ်ငယ်လေးရှိသေးတာ ပါတီတတ်ပြီး ဝိုင်သောက်ရမှာလားအကျီအသစ်တွေနဲ့...

"မဟုတ်ပါဘူး.. ဒီတိုင်း..နင်နဲ့နင်ကလေးတွေနဲ့ဆင်တူလေးဖစ်အောင် ငါဝယ်လာပေးတာပါဟာ...

"ငါပါတီတတ်ရင် ကလေးတွေကိုဘယ်နားသွားထားရမှာလဲ...

"နင်တစ်ယောက်ချီ..ငါတစ်ယောက်ချီမယ်လေ...

"အို...နင်ကလူပျိုလေ..အဲ့လိုချီလိုက်ရင် နင့်ဂုဏ်တွေကျမှာပေါ နင့်အဖေလဲကြိုက်မှာမဟုတ်ဘူး...ကြာရင်ငါ့ကိုပါ အမြင်ကပ်လိမ့်မယ်....

"ဘာမှမဖစ်ဘူး... ငါစိတ်ငါပိုင်တယ်..ငါအဖေဘာပဲပြောပြော ငါဂရုစိုက်မယ်ထင်လား...တော်ပြီးဟာ...အလှပြင်ထား...ညနေရောက်တော့မယ်...ငါသွားပြိးနော်..ပြင်ဆင်စရာရှိတာ ပြင်ဆင်ထား... ညကရင် နင်အရမ်းပျော်ရမယ်...ဟုတ်ပီးလာ...

မင်းခန့်အောင် သူမခေါင်လေးကိုပုတ်ပြီး အခန်းအပြင်ကိုပြန်ထွက်သွားလိုက်သည် သူမကတော့ အခန်းထဲကျန်ခဲ့ပြီး အလှဆုံးလေးဖစ်အောင်ပြင်ပြီးတော့ သူ့သားနဲ့သမီးလေးကိုလဲ ရေချိုးပေးပြီးအဝတ်စားလှလှလေး နေသည်

ငါ့အမိန့်နာခံ Where stories live. Discover now