part 40

14.4K 167 3
                                    

"ဦး..ကလေးတွေ ငိုနေတယ်လေ..နည်းနည်းကြည့်ပါဦး...ဖြူက နောက်မှ ထမင်းစားလို့ရတယ် ဖြူ့အတွက်မပူပါနဲ့...

တံခွန်မင်းဆက် ထမင်းဟင်းတွေကို နှင်းဆီဖြူအတွက်သေချာချက်ပေးပြီး နှင်းဆီဖြူက ကလေးနှစ်ယောက်တောင် မွေးထားရတာဆိုတော့ သူမကို အဝတ်လျော်တာတွေဘာတွေ မလုပ်ခိုင်းပေ...သူကိုယ်တိုင်ပဲ နှင်းဆီဖြူရဲ့အဝတ်တွေအစ အကုန်လျော်ပေးသည် နှင်းဆီဖြူ ကတော့ မလျော်ခိုင်းပေ..ဒါပေမဲ့ သူမကိုသူကအရမ်းချစ်တာကြောင့် ယောကျ်ားလေးကမိန်းမအတွင်းခံ ထဘီမလျော်ရဘူးဆိူတာ သူ့ခေါင်းထဲမှ မရှိတော့ပေ...သူမကျန်းမာရေးနဲကလေးတွေ ကျန်းမာရေးသာ သူ့ထဲရှိသည်...

"ဦး..အဲ့ဒါတွေ မလျော်နဲလေ...ငရဲကြီးကုန်မယ်...မလျော်ပါနဲ့..ဆိုမှ...

"ဘာဖစ်လဲ.. ကလေးငယ်...ကိုက ချစ်လို့ လျော်ပေးတာလေ...ငယ်ငယ်ကလဲ.. အိမ်အကူတွေမအားရင် ကိုကိုယ်တိုင်တောင် ဝင်လျော်ပေးတာပဲလေ...

"အဲ့ဒါ က​..ဖြူငယ်ငယ်ကလေး..အခုကြီးနေပြီး...မရဘူး...ဖြူငရဲကြီးမယ်လို့...ဦး..

"ကလေးငယ်...အေးအေးဆေးဆေး​နေမလား..ကိုကအေးအေးဆေးဆေးဆေးဖစ်အောင် ငြိမ်ဆေးကျွေးလိုက်ရမလား..

"ဦးနော်...မသိတော့ဘူး.. လျော်ချင်လျော်တော့ ငရဲကြီးရင် ဦးဘာဥိးလျော်တာလို့ ငရဲသားကို ပြောမှာ....

"ငါ့ကလေးငယ်ကို ငရဲသားဆိုတဲ့လူက ထိရဲထိကြည့်ပါလား ပြာပါဖစ်သွားမယ်...သွား..နားတော့..ကလေးနှစ်ယောက်နဲ့တူတူ တစ်ရေးအိပ်လိုက်နော်...အိပ်ယာနိုးရင် ထမင်းစားမယ်...

"ဦးကဘယ်သွားမလို့လဲ...အကျီအရှည်လဲ​နေတာ...

"ကို ဝယ်စရာလေးတွေသွားဝယ်မလို့လေ...နောက်နှစ်ရက်လောက်နေရင် ကလေးငယ်က ဟိုဟာလာတော့မှာလေ..

"ဦးကဘယ်လိုသိတာလဲ...

"ဒီလိုပါပဲ...ဗျား...အိပ်တော်မူပါ...

တံခွန်မင်းဆက် သူမရဲ့အကျီနဲ့ကလေးအနှီးတွေကို အဝတ်လျော်စက်ထဲထည့်ပြိး လျော်ထားခဲ့သည် သူကတော့ နီးစပ်ရာ ကုန်တိုက်မှာ လိုအပ်တာလေးတွေဝယ်ဖို့ထွက်လာခဲ့သည်..

ငါ့အမိန့်နာခံ Where stories live. Discover now