part 29

12.7K 200 5
                                    

တံခွန်မင်းဆက် တံခါးကိုဖွင့်ပေးလိုက်သည် ဂျက်စ်ပြောတဲ့စကားကိုသိချင်တယကြောင့်

"ဘာဖစ်လို့လဲ ဟျောင့်..ဘာလဲသတင်းကောင်းက...

"ဂျော်နီ ကနောက်အပတ်ကြီးကျရင် ဟိုဘက်ခြံက ပါတီကိုလာမယ်တဲ့...

"ဟိုဘက်ခြံက ဘာလို့ပါတီလုပ်တာလဲ...

"သူ့သားဘန်ကောက်က​နေပြန်လာတော့မှာတဲ့ သူ့မြေးနှစ်ယောက်လဲပါတယ်တဲ့...သူ့နဲ့သူမွေးစားသမီးအတွက်ပါတီလုပ်ပေးတာတဲ့...

"မွေးစားသမီး...ဘယ်တုန်းက သူက မွေးစားသမီးရသွားတာ..

"ကျွန်တော်လဲ မသိဘူး... ဂျော်နီ လာမယ်ဆိုတော့ အကိုလေးရဲ့ သွေးကြွေးတွေပြန်ဆပ်လို့ရပြီး...သခင်လေးရဲ့အဖေဆုံးသွားတာ သူ့ကြောင့်ဆုံးသွာတယ်ဆိုတာ အကိုလေးမသိဘူး သူထင်နေတယ်ဖစ်မယ် ဒီပါတီကိုတတ်ရဲတယ်ဆိုတော့...

"အေး...စလိုက်တော့..ဒီကောင်ကိုငါ့လက်နဲ့ ငရဲပြည်ပို့ပစ်မယ်...

တံခွန်မင်းဆက် သူ့အဖေအတွက်သွေးကြွေးကို ဆပ်ဖို့ ပြင်းပြလာတာကြောင့် အဲ့ပါတီပွဲကို သူပါတတ်ဖို့ ဂျက်စ်ကို လွတ်ပေးပြီး စုံစမ်းခိုင်းလိုက်သည်

💖💖💖💖💖💖💖💖💖💖💖💖

"ဟဲ့ ငါတို့တွေ အိမ်ပြန်ရအောင်..."

သူမ ကလေးအနှီးလေးတွေခေါက်နေရင်း မင်းခန့်အောင် စီက အိမ်ပြန်ရအောင်ဆိုတဲ့စကားကြားရတာကြောင့် သူနားမလည်သောအကြည့်ဖစ် သူ့ကိုကြည့်လိုက်ပြီး

"ဘယ်အိမ်ကိုသွားမှာလဲ....ဘယ်..ဘယ်အိမ်...ကို.."

"ဘယ်အိမ်ကိုသွားရမှာလဲဟဲ့..ငါတို့အိမ်ကိုပေါ့..ငါဒီနေ့ပဲစာမေးပွဲဖြေပြီးတယ် နောကိနှစ်ရက်လောက် နေရင် ငါတို့ပြန်မယ်လေ...ဟိုလူကြီးကို နင်ကြောက်စရာမလိုဘုးနော်...

"ငါ...ငါ..ကဘာ..ဘာလို့ကြောက်ရမှာလဲ..မကြောက်ပါ​ဘူး..ကလေးတွေကငယ်သေးတော့ အဆင်ပြေပါ့မလား... ပြန်လို့..အဲ့..အဲ့ဒါကိုစိတ်ပူတာ..

အမှန်ကအခုထိ သူမ မသိစိတ်ထဲက တံခွန်မင်းဆက် ကိုကြောက်နေတာအမှန်ပေ အခုတောင် သူမစကားပြောတာ တော်တော်လေးစိတ်လှုပ်ရှားပြီး ထစ်ပါထစ်နေသည်

ငါ့အမိန့်နာခံ Where stories live. Discover now