part 27

12K 198 4
                                    

"အိမ်ရှင်တို့...အိမ်ရှင်တို့... အိမ်ရှင်တို့..."

တံခွန်မင်းဆက် ကားပေါ်ကစောင့်နေပီး သူ့တပည့်ကို သူရတို့အိမ်ကို သွားခိုင်းလိုက်သည်... သူကတော့ကားပေါ်ကနေ အခြေနေကိုစောင့်ကြည့်ရင်း အခြေနေကိုကားပေါ်ကနေ အရိပ်အကဲခက်ကြည့်နေသည်

"ဘယ်သူလဲ... အိမ်ရှေ့မှာ...

"မေးစရာလေးရှိလို့ပါ...

"အော်အေအေ...လာလေ..အထဲကိုဝင်ခဲ့"

"ဘယ်သူလဲ မိန်းမ...

"မသိဘူးလေ...အိမ်ရှေ့မှာလာ လူမေးစရာရှိလို့တဲ့ ဒါကြောင့် အိမ်ထဲဝင်လို့​ပြောတာလေ ကို"

"အေအေ အထဲမှာ ဧည့်ခံလိုက်..ငါအခုလာပီး ဒီမှာ ပန်းကန်ဆေးပီးတော့မယ်.."

နှင်းဆီနီနီကိုတွေ့လိုက်ရတော့ တံခွန်မင်းဆက် ရဲ့ ရင်ဘက်ကအရင်ကလို စိတ်မလှုပ်ရှားတော့ပဲ နှလုံးခုံနှုန်းကပုံမှန်အတိုင်းဖစ်နေသည်

"လာလေ..ဘာလုပ်နေတာလဲ..ဝင်ထိုင်လေ.."

မတော်တဆ နှင်းဆီနီနီက ကားပေါ်မှာ မှန်ဖွင့်ပြီး သူတို့ကိုကြည့်နေတဲ့ တံခွန်မင်းဆက် ကိုမြင်တော့

"ဟဲ့...နင်...နင်..တံခွန်မဟုတ်လား..ဟုတ်တယ်...တံခွန်...ဆင်းပါဦးး...လာလေ..ဒါကငါတို့အိမ်ပဲ...

"အော်...အင်းအင်း...လာမယ်..သူရရော.."

တံခွန်မင်းဆက် ကားပေါ်ကဆင်းလာပီး နှင်းဆီနီနီတို့အိမ်ထဲကို ဝင်တာနဲ့ ဧည့်ခန်းမှာ သူတို့မိသားစုရဲ့ပျော်ရွှင်စရာ မိသားစုပုံလေးတွေကိုမြင်တော့ ရင်ထဲကြည်နူးမိတာအမှန် သူကတစ်လျောက်လုံးဒေါသတွေနဲ့ပြည့်နက်ပိး နေခဲ့ရတာကြောင့် အခုလိုပျော်ရွှင်စရာတွေ သူအတွက်မရှိခဲ့ပေ... အရင်က နှင်းဆီနီနီတို့မဂ်လာပွဲမှာ သောင်းကျန်းခဲ့တာတောင် အခုချိန်မှာ သူ့ကိုတွေ့တာ စိတ်တိုရမဲ့အစားဖော်ဖော်ရွေရွေ ပြန်ခေါ်တာကို သူအရမ်းအံ့သြမိသည်..

"ကိုရေ...ကို...ထွက်လာပါဦး..ဒီမှာဘယ်သူရောက်နေလဲ...လာကြည့်ပါဦး.."

"ဘယ်သူလဲကွဲ...လာပါပီးဗျာ...

သူရ မီးဖိုချောင်ထဲကာနေ လက်လေးသုတ်ကာ ထွက်လာခဲ့သည် အပြင်ရောက်တော့....

ငါ့အမိန့်နာခံ Место, где живут истории. Откройте их для себя