part 1

60.1K 548 6
                                    

"ငါတို့ဒီနှစ်ဆို10တန်းအောင်ပီးနော် "

"အေ...အခုမှ ကျောင်းစတတ်မှာလေ ကွာ စာမေးပွဲတောင်မဖြေရသေးဘူး"

"ဟဲ...ဟဲဟဲ...စိတ်ကူးယဥ်ကြည့်တာပါကွာ..."

သူရနဲ့တံခွန်မင်းဆက်ဆိုတာ မမွေးခင်ကတည်းက မိဘချင်းအရမ်းခင်တဲ့လူတွေလဲဖစ်သလိုမွေးလာတော့လဲသူတို့ချင်းအရမ်းခင်ကြတဲ့သူငယ်ချင်းတွေဖစ်သည် သွားအတူ...စားအတူ...ဖစ်သည်

"ဟျောင့်....အရှေ့ခုံကကောင်မလေးကမိုက်လိုက်တာ ငါအရမ်းကြွေသွားပီး "

"ကြွေလေ....မင်းကလဲဘယ်ဆော်မှစိတ်မဝင်စားဘူးလဲပြောသေးတယ် ဘာလိုဖစ်ပီးအရှေ့ခုံကကောင်မလေးကိုကြွေရတာလဲ တံခွန်ရာ "

"အချစ်မှာ မျက်စိမပါဘူးလေ ဟား......ဟား..."

သူရလဲတံခွန်မင်းဆက်ပြောတဲ့အရှေ့ခုံကကောင်မလေးကိုကြွေမိတာအမှန်ပေ.... သူတို့တေသူမနာမည်ကိုစုံစမ်းကြည့်တော့  သူမနာမည်ကနှင်းဆီနီနီတဲ့ တံခွန်မင်းဆက်လဲ သူမအချစ်ကိုရဖို့သူမနဲ့ရင်းနှီးအောင်အရင်ကြိုးစားသည် သူမကအနေအေးသူမို့ သူငယ်ချင်းသိပ်မရှိပေ....

"ခင်လို့ရလား....နှင်းဆီ "

"ရပါတယ်ရှင့် ခင်လို့ရပါတယ်"

"ကျေးဇူးပါ ဗျား.... ကျွန်တော့်နာမည်က တံခွန်မင်းဆက်ပါ ဒါကကျွန်တော့သူငယ်ချင်းသူရပါ"

"ဟုတ်ကဲ့ရှင့် တွေရတာဝမ်းသာပါတယ် "

ဒီလိုနဲ့သူမနဲ့သူတို့တွေက သူငယ်ချင်းဖစ်သွားကြတယ် သွားအတူလာအတူစားအတူပေါ့

သူရကအဲ့အချိန်မှာသစ်စာ စဖောက်တော့သည်
သူမကိုလိုချင်စိတ်တွေကထိန်းမရတာကြောင့်သူငယ်ချင်း ကြိုက်နေတာသိပါရဲ့ သူမကို သူအရင်ဖွင့်ပြောလိုက်သည်

"ကိုယ်မင်းကိုပြောစရာရှိလို့ (.........)နေရာကိုလာခဲ့ပေးလို့ရမလား"

"နှစ်ယောက်ထဲလား "

"အင်း....အမြန်လာခဲ့ပါ ကိုယ်စောင်နေတယ်နော် "

လူငယ်သဘာဝအရ သူရနဲ့ နှင်းဆီနီနီတို့က ရည်းစားဖစ်သွားကြပီး မကြာခဏဆိုသလို တံခွန်မင်းဆက်ကတော့ ဒါကိုမသိပေ သူအရမ်းချစ်တဲ့သူငယ်ချင်းနဲ့သူcrushလေးကရည်းစားတွေဖစ်နေတယ်ဆိုတာ

ငါ့အမိန့်နာခံ Where stories live. Discover now