အပိုင်း20

16.7K 223 14
                                    

တံခွန်မင်းဆက်က အိပ်ခိုင်းပေမဲ့သူမကတော့အိပ်မပျော်ပေ.. အိပ်ဖို့က လဲကြောက်နေသည် သူမအိပ်လိုက်တာနဲ့တံခွန်မင်းဆက်လုပ်ခဲ့တဲ့အရာတွေက အိပ်မက်ဆိူးတွေအဖစ် ပြန်မက်နေတာကြောင့် သူမအိပ်လို့မရဲတော့ပေ

"ဦး...ဖြူ..ဖြူ..အိပ်မပျော်လို့.. "

"အင်း..ဒါဆို..တစ်ခုခုစားလိုက်လေ...ဟိုအပေါ်မှာ ထမင်းနဲ့ဟင်းရှိတယ်..."

"ဖြူ..မစားချင်ဘူး.. ဒီတိုင်းပဲ ဖြူတစ်ယောက်ထဲနေချင်တယ်.. ဖြူတို့အိမ်ပြန်ရအောင်လေ ဦး..

"မပြန်သေးဘူး ဒီမှာအေးဆေးနားချင်တယ်.. သိပ်ရစ်တာပဲမင်းက...

တံခွန်မင်းဆက် လေသံမာမာနဲ့အော်လိုက်တာကြောင့် နှင်းဆီဖြူ ချက်ချင်းလန့်လာပြီး

"တောင်း...တောင်းပန်ပါတယ်.. ဦး..ဖြူ..ဖြူပြောမိတာ မှားပါတယ်..

"တောက်စ်...တော်ပြီးကွာ..ဟိုမှာထမင်းနဲ့ဟင်း.. စားထား ခဏနေပြန်မယ် အိမ္ကို..

အိမ်ပြန်မယ်ဆိုတဲ့အသံကြားတာနဲ့ထမင်းချက်ချင်းစားတော့သည် ခဏတောင်မကြာပေ ထမင်းစားတာပြိးသွားသည်.. ထမင်းစားပြီးတာနဲ့ ပြန်ဖို့ သိမ်းဆည်းတော့သည်

💔💔💔💔💔💔💔💔💔💔💔💔

"ဗျာ..ဘန်ကောက်မှာကျောင်းသွားတတ်ရမယ်.."

„ဟုတ်တယ်ငါ့သား..ဘန်ကောက်မှာသားကျောင်းသွားတတ်ဖို့ပြင်တော့ နောက်တစ်ပတ်ကြရင် သွားရမယ်.."

"ဟာ..အဖေကလဲဗျာ..သားက ဒီမှာပဲကျောင်းတတ်ချင်တာ ဘန်ကောက်မှာမတတ်ချင်​ဘူး..."

"မရဘူး... ​ပညာတတ်အောင်ငါက လုပ်ပေးနေတာ မင်းက သင်ကိုသင်ရမယ်.. ငါ့စကားဒါအကုန်ပဲ..

မင်းခန်အောင်လဲ သူ့အဖေစကားကြောင့်တော်တော်စိတ်ညစ်လာရသည် သူကမြဝတီဆိုတဲ့မြို့လေးမှာပဲကျောင်းတတ်ပြီး နှင်းဆီဖြူကိုစာသင်ပေးချင်သည်
အခုတော့ သူ့အဖေရုတ်တရပ်စီစဥ်လိုက်တဲ့အစီအစဥ်ကြောင့်တော်တော်အကျပ်ရိုက်သွားရသည် နှင်းဆီဖြူကိုလဲဒီအကြောင်းပြောချင်ပေမဲ့ အခုထိ ခြံစည်းရိုးက မီးသီးလေးတွေကိုသန့်ရှင်းရေးလာမလုပ်သေးပေ ခြံစည်းရိုးမှာ သူမကိုမကြာခဏလာလာကြည့်သည် ဒါပေမဲ့ သူကအခုထိပြန်မလာသေးပေ
...

ငါ့အမိန့်နာခံ Donde viven las historias. Descúbrelo ahora