part24

13.8K 214 14
                                    

လေယာဥ်ပေါ်ကို ရောက်တော့သူမ တခါမှမစီးဖူးတာကြောင့်တော်တော်လန့်နေတော့ မင်းခန့်အောင် သူမကိုကြည့်ပီးစချင်လာတာကြောင့် သူမအနားကိုကပ်ပီးနားဘေးမှာ ပါးစပ်တိုးပီး

"ဒီဟာကြီးကိုစီးရင် သေချာကိုင်ရတယ်နော်.. မကိုင်ရင် အပေါ်ရောက်တာနဲ့လွင့်ကျခဲ့မယ်သိလားဖြူ..

"ဟုတ်လား..ဒါကအပေါ်ကိုပျံတာလား..ဘယ်ထိတောင်ပျံတာလဲ.. ငါအရပ်ကျော်လား ပျံတာ..

"နင့်အရပ်မကဘူး..ဟိုမှာတွေ့လား..တိမ်တွေ. "

"အင်းလေး..တွေ့တယ်...ဘာဖစ်လို့လဲ..

"အဲ့အပေါ်ထိရောက်မှာ..လာလာ..ခုံပေါ်မှာမြန်မြန်ထိုင်..ရစ်ရင် ဟိုအမတွေက နင့်ကို ဒီအပေါ်ကနေကန်ချမှာ..."

သူမလဲ မင်းခန့်အောင်ရဲ့စကားကြောင့် လန့်ပီး သူထိုင်ခိုင်းတဲ့နေရာကို မြန်မြန်​ပြေးထိုင်လိုက်ပီး ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့ သူမ ပုံလေးက ရီစရာကောင်းသလို သနားဖို့လဲကောင်းလှသည် ငယ်ငယ်ထဲက သူမကဘာမှနားမလည်ပဲကြီးပြင်းလာခဲ့ပီး သူမဘဝကလဲ လိင်ကျွန်သာသာ နေရတာကြောင့် သနားမိသည်

"ဟဲ့..လာထိုင်လေ..ငါ့ဘေးမှာ.."

"လာပီး..လာပီး.."

သူမဘေးမှာထိုင်လိုက်ပြီး သူမကို စိတ်ငြိမ်ငြိမ်ထားဖိုရယ် သူမအရမ်းကြောက်ရင် သူ့ကိုဖက်ထားဖို့ သေချာပြောနေသည် မင်းခန့်အောင်..သူမရဲ့လက်ကိုကိုင်ထားသည် နှင်းဆီဖြူကြောင်ပီးကြည့်နေချိန်မှာ လေယာဥ်ကြီးက အပေါ်ကိုတတ်ဖို့ အချက်ပေးသံတွေမြည်လာသည်

"အပေါ်ကိုတတ်တော့မယ် ....စိတ်ကိုငြိမ်ငြိမ်ထား.. ဟုတ်ပီးလာ.."

"အ..အ..အေ..ငါ..ငါ..ငါကြောက်တယ်...,

အပေါ်ကိုစတတ်နေတဲ့ လေယာဥ်ကြီးကတစ်ဖြည်းဖြည်း...အပေါ်ကိုတတ်လာပီးဖစ်သည် သူမလဲကြောက်လွန်းတာကြောင့် သူရဲ့လက်မောင်းကို အတင်းဖက်ထားပါတော့သည်

"အရမ်းကြောက်နေတာလားဖြူ...နင့်အရမ်းကြောက်နေရင် ငါ့အပေါ်လာထိုင်လေ.."

"ဟာ..ထိုင်..ထိုင်စရာလား...ငါကြောက်တယ်..ဟီး..မလိုက်ရဲတော့ဘူး..ကယ်ကြပါဦး..."

ငါ့အမိန့်နာခံ Where stories live. Discover now