Part39

13.4K 220 6
                                    

"ဟလို....

"ပြောလေး..အကိုလေး..ကျွန်တော် ပြန်လာရတော့မလား...

"မလာသေးနဲ့..ငါ့မိန်းမရဲ့အမေနဲ့အဖေကိုစုံစမ်းပေး...

"ဘယ်လိုစုံစမ်းရမှာလဲ..အကိုလေး...ကြာနေပီးဟာ...သူမိဘတွေကိုလဲ ကျွန်တော်မှ တခါမှ မမြင်ဖူးတာ...

"ရအောင်စုံစမ်းခဲ့...ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်...မင်းပေါ့လျော့လို့အခုလိုဖစ်ရတာ စုံစမ်းခဲ့...ဒါပဲ..ငါ့မိန်းမအတွက် လိုအပ်တာလာဝယ်ရင်းဖုန်းပြောတာ.. ငါ့ကိုဖုန်းမခေါ်နဲ့နော်...သူ့ကိုမသိစေချင်ဘူး...ဒီကိတ်စတွေကို...

"ဟုတ်ကဲ့...ဒါနဲ့..ဟိုမိန်းမက ရှုပ်နေတယ် အကိုလေးနေတဲ့ နေရာကိုပဲ မေးနေတယ်ရော... ဘယ်လိုလုပ်ရမလဲ...

"အဆင်ပြေသလိုသာ ကြည့်ရှင်းလိုက်...မင်းက ငါ့ရဲ့အယုံကြည်ရဆုံးလူပဲ...အားကိုးတယ် မင်းကို...

"အကိုလေးက..အလိုအပြောတွေနဲ့ပဲ...ကျွန်တော်လဲ အခုထိ for ever aloneဘဝကနေ မလွတ်သေးဘူး...အကိုလေးကြောင့်ပဲ.....အသက်ကြီးတဲ့ထိမိန်းမ မရလို့ကတော့ မမလေးဆီက အကိုလေးကိုလုပြီး ခိုးပြေးမှာ...

"ယီး...ပေါက်ကရတွေမပြောနဲ့... မင်းအဲ့လိုပြောတာ ကြက်သီးတွေပါထတယ်....ငါပြောသလိုလုပ်...ငါ့မိန်မ အမေကိုနဲ့အဖေကို မင်းသူ့ကိုခိုးခဲ့တဲ့ဆေးရုံမှာ ရှာခဲ့ာ..

"ဟုတ်ကဲ့...

"အေး..ဒါပဲ..

တံခွန်မင်းဆက် ဖုန်းပိတ်ပြီး သူဝယ်စရာရှိတာ ဝယ်ပီး အိမ်ကိုပြန်လာခဲ့သည် အိမ်ရောက်တော့ နှင်းဆီဖြူ ကလေးနှစ်ယောက်နဲ့အလုပ်ရှုပ်နေတာမြင်တော့ သူမကို ခဏနားခိုင်းပြီး ကလေးနှစ်ယောက် သူပဲဆက်ထိန်းနေသည်...

"ပင်ပန်းနေပြီးလား..ကလေးငယ်...

"မပင်ပန်းပါဘူး ဦးရယ်...ဒါနဲ့..ဖြူရဲ့မိဘတွေနဲ့ တွေ့ခွင့်ရတော့မှာလားဟင်....

"မတွေ့ရသေးဘူးလေ..ကလေးငယ်ရဲ့မိဘတွေက ဘယ်ရောက်လို့ရောက်မှန်းမသိဘူး...ဦးတပည့်ကိုတော့ရှာခိုင်းထားတယ်နော်...အချိန်တန်ရင် တွေ့ရမှာပါ...အခုတော့ နားလိုက်ဦးနော်..ကလေးတွေကြောင့် ကို့ကလေးငယ်လေး မျက်တွင်းတွေပါကျနေပြီး...

ငါ့အမိန့်နာခံ Where stories live. Discover now