part 37

14.5K 213 9
                                    


"ဦး...ကလေးကိုလာထိန်းပေးဦး...ဖြူပဲထိန်းနေရတယ်...ဦးလဲ..တစ်ယောက်ထိန်း...

"မထိန်းပါဘူး...ဘယ်သူကဒီကလေးတွေကိုမွေးခိုင်းလို့လဲပြော...

"ဦးနော်....မထိန်းဘူးလားပြော...မထိန်းရင် ဖြူထွက်သွားလိုက်မှာနော်...

"စတာပါကလေးငယ်ရာ...ကိုက ဒီကလေးလေးတွေရော..ဒီမေမေရော..အရမ်းအရမ်းချစ်ပါတယ်ကွာ...

"အပိုတွေပါ...အခုမှချစ်တယ်လုပ်နေတာ...အရင်ကတော့ နှိပ်စက်ပြီးတော့....ဒါနဲ့ဦးကို မေးစရာရှိတယ်.....


အူဝဲ...အူဝဲ...အူဝဲ...

သူမမေးမဲ့စကားက ကလေးအငိုသံကြောင့် စကားကပျက်သွားသည်..

"လာလာ..ကိုကြည့်လိုက်မယ်...ကလေးငယ်က အငယ်ကောင်ကိုနို့တိုက်ထား...အငယ်ကောင်က တော်တော်ဆိုးတာပဲ....

"ဦးလိုပဲလေ..အရမ်းဆိုးတာ...ဦးနဲ့တူသွားလို့....

"တူရမှာပေါ့...ကို့သားပဲဟာ..တစ်ပုံတည်းတူအောင် လုပ်ယူထားရတာ...

"ဦးနော်...စကားပြောတာ.. ညစ်ပတ်လိုက်တာ...

"ကို့မိန်းမကိုပြောတာ..ဘာညစ်ပတ်စရာရှိလဲပြော....

"ဘာမိန်းမလဲ...လက်တောင် မထပ်ရ​သေးပဲ...

"ကလေးတွေ နည်းနည်း အရွယ်ရောက်တာနဲ့ မဂ်လာပွဲကြီးကို ခမ်းခမ်းနားနားကြီး ေဆာင် ပေးပါ့မယ်ဗျာ....

"ဖြူက အဲ့လိုတွေ မလိုအပ်ပါဘူး...လက်ထပ်စာချုမှာ လက်မှတ်ထိုးပြီး မဂ်လာဆွမ်းကျွေးလေးပဲလုပ်ချင််တယ်....

"မဂ်လာဆွမ်းကျွေးကလဲ..ကိုလုပ်မှာပေါ..ဒါပေမဲ့..
ကြီးကြီးကျယ်ကျယ် မဂ်လာဆောင်ချင်တယ် အရမ်းပဲ...ကိုယ့်မိန်းမလေးက ဘယ်လောက်ချောပြီး ဘယ်လောက်ချစ်ဖိူ့ကောင်းလဲဆိုတာ တစ်လောကလုံးကိုကြွားချင်လိုက်တာ...

"ဦးကတော့...အကဲပိုပြန်ပြီး..မရှက်ဘူးလားမိန်းမငယ်ငယ်လေးယူထားတယ်လို့အပြောခံရမှာ....

"ရှက်စရာလား..သူတို့တောင်အားကျကျဦးမှာ...ကို့လိုငယ်ငယ်လေးကို မယူနိုင်တာ...ကို့ကိုကြည့်ပါလား..အသက်ကြီးတာတောင် အမွှာလေးရထားတာ အားလုံးအားကျသင့်တယ်(အကြွားနိုင်ဆုံးဆုပေးရမယ်🙂🙂)

ငါ့အမိန့်နာခံ Where stories live. Discover now