နိဒန်း Prologue

2.1K 130 0
                                    

အိမ်ရှေ့တံခါးမှ ကျွီခနဲမြည်သံကြောင့် အနက်ရောင်မျက်ဝန်းပိုင်ရှင်ကကျောင်းစာအုပ်ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။
သူက ကျောင်းစာကိုပြန်စစ်ဆေးနေခြင်းဖြစ်ပြီး နံရံပေါ်မှ နာရီကိုကြည့်လိုက်သည်။နာရီမိနစ်လက်တံမှာ 11နာရီခွဲခါနီး အလိုဖြစ်သည်။
နောက် တစ်နာရီအတွင်း နေ့သစ်တစ်နေ့ထပ်စတင်ရမည့်အဓိပ္ပာယ်ဖြစ်သည်။
အိမ်တံခါးမှာပွင့်လာပြီး အရပ်ရှည်ရှည်နှင့်လူတစ်ယောက်ကအခန်းထဲဝင်လာသည်။ထိုသူရဲ့မျက်နှာက ကောင်းတဲ့ကိစ္စတခုခုရှိခဲ့မှန်းဖော်ပြနေသည်။ တကယ်ဆိုရင်ဆေးရုံမှာ အသက်ကြီးရွယ်အိုလူနာတွေကို ဂရုစိုက်ပေးရတဲ့သူ့အလုပ်ကြောင့် ပင်ပန်းနွမ်းနွယ်နေတဲ့မျက်နှာဖြစ်ရမှာ၊ အဲ့အလုပ်က အားအင်များများစိုက်ထုတ်ရပြီး သတိကြီးကြီးဖြင့်လုပ်ရတဲ့အလုပ်ဖြစ်သည်။ တခြားအလုပ်တွေလိုပဲတာဝန်ယူမူလဲရှိရသည်။ တခြားသူများရဲ့ အထင်သေးခြင်း သံသယဝင်ခြင်းကိုလဲ ခံရသေးသည်။

နှလုံးသားရဲ့လိုအင်ဆန္ဒများကို ဖြေရှင်းပြီးချိန်မှာပဲ အရပ်ရှည်ရှည်နှင့်လူက သူ့ဘောင်းဘီထဲက တစ်စုံတစ်ခုကိုထုတ်ယူလိုက်တာကြောင့် ကောင်လေးအငယ်လေးက တိတ်တိတ်လေးထိုင်နေလိုက်သည်။မိနစ်အနည်းငယ်ကြာတော့ အသံဩဩနဲ့ပြောတတ်သည့်ကောင်လေးက ပုံမှန်ထက်ခပ်ပြတ်ပြတ်စကားပြောလိုက်သည်။

"အဲ့ဒါဘယ်သူ့ ဖုန်းလဲ"

"ငါကိုင်ထားတာဆိုမှတော့ ငါ့ဖုန်းပေါ့"

"ဒါပေမဲ့ မင်းကဒီ modelမသုံးဖူးလေ"

"မသုံးဖူးဆိုတာ မသုံးနိုင်ဖူးလို့ဆိုလိုတာမဟုတ်ဖူး"

"စကားကိုလှည့်ပတ်ပြီးမပြောပဲ ရိုးရိုးသားသား ပဲပြောလို့ရမလား၊ဒါကိုဘယ်ကရလာတာလဲ?"

Sailomက သူကြော်ညာတွေထဲမှာသာမြင်ဖူးတဲ့သူ့အကိုလက်ထဲက တစ်သိန်းကျော်ကုန်ကျနိုင်မည့်ဖုန်းကိုကြည့်ရင်းစိတ်ရူပ်လာသည်။ အလုပ်လုပ်နေတဲ့အရွယ်မှာ ခေတ်ရေစီးကြောင်းအရ ပစ္စည်းအသစ်တွေဝယ်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ Sailom ရဲ့ မိသားစုမှာတော့ ဈေးထဲမှာ အစားအသောက်ဝယ်ရင်တောင်မှ အကုန်အကျများလွန်းလို့ ထပ်ခါထပ်ခါစဉ်းစားပြီးမှ ဝယ်ရခြင်းဖြစ်သည်။တစ်ယောက်ထဲပစ္စည်းတွေဝယ်နေခြင်းကိုက သူတို့ရဲ့ လစဉ် လစာထက်ပိုကုန်ကျနေပြီဖြစ်သည်။

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now