ကြီးမားသောပြတင်းပေါက်မှ အိပ်ခန်းထဲသို့ဝင်ရောက်လာသော နံနက်ခင်းနေရောင်ခြည်နှင့်Airconမှအဆက်မပြတ်ထုတ်လွှတ်နေသောလေအေးများက အိပ်ပျော်နေသောသူကိုမနိုးလာစေပါ။ဒါပေမဲ့ Sailomလိုအအိပ်အနေနည်းသောသူကတော့ နိုးနေခဲ့တာ တစ်နာရီလောက်ရှိပြီဖြစ်သည်။
မနေ့ညက တစ်ညလုံး Kanghan ရဲ့ရင်ခွင်ထဲမှာရှိနေရတာကြောင့်Sailomနည်းနည်းလေးမှမလူပ်ရဲခဲ့ပါ။
နေရောင်ခြည်က သူတို့နှစ်ယောက်အိပ်နေသည့်အိပ်ယာပေါ်သို့ကျရောက်ပြီး မျက်စိစူးလောက်တော့မှ အိပ်ပျော်နေသည့်Kanghanကနိုးလာသည်။Kanghan နိုးလာတော့မည်ကိုမြင်သည့်အချိန်တွင် Sailom ကသူ့မျက်လုံးတွေကိုတင်းတင်းမှိတ်ထားလိုက်သည်။ Sailom က Kanghan ကိုအိပ်ယာပေါ်တွင်လှဲပြီးအကြာကြီးစိုက်ကြည့်နေခဲ့တာကို Kanghanမသိစေချင်တာကြောင့်ဖြစ်သည်။
ဒါပေမဲ့ Kanghanဆီမှ ဘာအသံမှမကြားရသလို ဘာလူပ်ရှားမူမှမရှိတာကြောင့် တစ်မိနစ်လောက်ငြိမ်သက်နေပြီးချိန်တွင် Sailom ကသူ့မျက်လုံးတွေကိုဖွင့်လိုက်သည်။ Kanghan ကသူ့ကိုစိုက်ကြည့်နေတာကို Sailom တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံး မိနစ်အနည်းငယ်လောက်တိတ်ဆိတ်နေကြပြီး မနေ့ညကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကိုပြန်တွေးမိပြီး ရှက်ရွံ့နေကြသည်။ မနေ့ညက အဖြစ်အပျက်က သူတို့နစ်ယောက်ရဲ့နှလုံးသားထဲတွင်လှပသော မှတ်ဉာဏ်တစ်ခုဖြစ်သည်။
"Uh..."
ပုံမှန်ဆိုရင် သူတို့နှစ်ယောက်ကြားမှာရှိသောတင်းအားများနှင့်ရှက်ရွံ့မူကို Sailomကသာဖြေရှင်းတတ်သူဖြစ်သည်။ဒါပေမဲ့ဒီတခါမှာတော့ Kanghan ကအရင်တစ်ခုခုစပြောချင်သည်။
"မင်း.. နိုးနေတာလား"
Sailom က ဒီမေးခွန်းကိုပြန်ဖြေဖို့အချိန်သိပ်မလိုပေမဲ့ ထိုအချိန်မှာတော့ Sailom ဘာပြန်ပြောရမလဲမသိပါ။
"နာနေသေးလား"
"မနာပါဖူး"
တိမ်ထူထပ်သော မိုးသည်းထန်သောညကိုအတူကျော်ဖြတ်ခဲ့ပြီးနောက်တွင် Sailom ကသူ့ခန္ဓာကိုယ်ကို ရေနွေးဖြင့်စိမ်ပြီး သက်သာအောင်ဖြေလျှော့ခဲ့သည်။Sailom ထင်ထားသလောက် နာကြင်မူမရှိခဲ့ပါ။