လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် Sailom ကဒီနေရာမှာပဲ တစ်ယောက်ထဲ ထိုင်နေခဲ့ပြီး သူ့ဘေးကိုတစ်စုံတစ်ယောက်ရောက်လာမှာကိုစောင့်နေခဲ့ဖူးသည်။ဒါပေမဲ့ ဒီနေ့တော့ ထိုနေရာမှာ တစ်စုံတစ်ယောက်ကထိုင်နေပြီဖြစ်သည်။
သူ့မျက်နှာအမူအရာကတော့ သူမလုပ်ချင်ကြောင်းကိုပြနေသည်။ဒါပေမဲ့ ကံကောင်းစွာဖြင့် Kanghan က Sailom ဆီရောက်လာခဲ့သည်။
"ငါပြတဲ့နည်းအတိုင်း တွက်ကြည့်ပါဦး"
Sailom ကဆူပုတ်နေသောသူဆီသို့ ရိုးရှင်းသော မေးခွန်းကိုရေးထားသည့် စာရွက်ကိုပေးလိုက်သည်။စာရွက်ပေါ်မှ ကိန်းဂဏန်းများကိုမြင်တော့ Kanghan ရဲ့ မျက်ခုံးတွေတွန့်သွားသည်။
"ခက်တယ်"
"တွက်တောင်မတွက်ကြည့်ရသေးပဲခက်မှန်းဘယ်လိုသိလဲ"
"ကြည့်တာနဲ့ကိုခက်နေပြီ"
"ဒါကိုလူတိုင်းတွက်နိုင်တယ်"
"အဲ့လူတွေထဲ ငါမပါဖူး"
Sailom က အသက်ကိုတစ်ဝရူပြီး စာရွက်ကို Kanghan အရှေ့သို့ပို့လိုက်သည်။Sailomကသူ့ဒေါသကိုထိန်းရန်အတွက် မိနစ်ပိုင်းအချိန်လောက်ဘာလုပ်ရမှန်းမသိပါ၊ Sailom ကစိတ်ထဲမှ 1ကနေ 10အထိရေတွက်နေသည်။
တစ်ယောက်ယောက်ကိုစာသင်ပေးရသည်မှာစိတ်ရှည်ရသည်ဖြစ်သည်။ဒါပေမဲ့အဲ့လူက Kanghan ဖြစ်နေတော့ Sailom ရဲ့စိတ်ရှည်သည်းခံမူမှာလဲ အများကြီးမြင့်လာသည်။"မင်းတွက်နိုင်လား"
Sailom က 15မိနစ်အကြာတွင်သူ့ဖုန်းမှ နာရီကိုကြည့်ပြီး မေးလိုက်သည်။ဒါပေမဲ့ Kanghan က ဘာမှမလုပ်ပဲစာရွက်ကိုသာထိုင်ကြည့်နေသည်။
"ငါတွက်တတ်ရင်တွက်မှာပေါ့"
Sailom ကအသက်ကိုခပ်ပြင်းပြင်းရူပြီး စာရွက်ကိုပြန်ယူလိုက်သည်။တခြားလက်တစ်ဖက်နှင့် အခုလေးတင်သင်ထားသော စာအုပ်နှင့် မှတ်စုကိုယူပြီး စာရွက်နှင့်အတူတူယှဉ်ထားလိုက်သည်။
"ပထမဆုံးအနေနဲ့ မေးခွန်းကဘာမေးထားလဲဆိုတာကြည့်ပြီးရင် ပေးထားတဲ့ Value ကိုကြည့်ရမယ်"
Sailom ကသူ့လက်ထဲမှ ဘောပင်ဖြင့်စာရွက်ပေါ်မှ ခေါင်းစဉ်ကိုထိုးပြသည်။Sailomပြောတာကိုနားထောင်နေသင့်တဲ့သူက စားပွဲရဲ့တစ်ဖက်မှဘောလုံးကွင်းဆီကို အာရုံရောက်နေသည်။