သံတိုင်များခြားထားသော ညီအကိုနှစ်ယောက်၏ အကွာအဝေးမှာ စင်တီမီတာအနည်းငယ်မျှသာရှိသော်လည်း သူတို့ညီအကိုနှစ်ယောက်က မတူညီသော ကမ္ဘာနစ်ခုမှာရှိနေမှန်းကောင်းကောင်းသိနေခဲ့ကြသည်ဖြစ်သည်။
ထောင်ထဲတွင် ဧည့်တွေ့ချိန်အတွက် တနေ့ကို တကြိမ် ၊မိနစ် 40အထိသာ သတ်မှတ်ထားသည်။ဒါပေမဲ့ Sailom ကတော့ Saifaရဲ့လက်ရှိအခြေအနေအကြောင်းကိုမေးရင်း မိနစ် 20ကုန်ဆုံးနေပြီဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် Saifaရဲ့ လက်ရှိအခြေအနေမှာ ကောင်းသည်ဟုမဆိုနိုင်ပါ၊Saifaမျက်နှာမှာ သိသိသာသာ ပိန်ကျသွားပြီး ကောင်းကောင်းမအိပ်ရသူတစ်ဦးလို မျက်ကွင်းများညိုမဲနေသည်။ဒါပေမဲ့ Saifaကဖြစ်ခဲ့သမျှအရာတိုင်းဟာ ရင်ဆိုင်ဖို့ မခက်ခဲသယောင်ဖြင့် ဖျော့တော့စွာပြုံးပြနေသည်။
"ငါမင်းကိုကူညီမဲ့ရှေ့နေ ဌားဖို့ပိုက်ဆံရှာနေတယ်"
Sailom ကသူ့အကိုကိုဘယ်တော့မှစွန့်ပစ်ဖို့အတွေးမရှိခဲ့တာကြောင့် Saifaကိုကူညီဖို့ နည်းလမ်းကိုအမြဲရှာနေခဲ့ပြီး Saifaကိုစိတ်သက်သာရာရစေချင်ခဲ့သည်။
"မလုပ်နဲ့၊ အဲ့ပိုက်ဆံတွေကိုစုထား၊မင်းမကြာခင် ကောလိပ်တတ်ရတော့မယ်၊အဲ့အချိန်ဆို မင်းပိုက်ဆံပိုပြီးလိုလာလိမ့်မယ်"
ဒါပေမဲ့Saifaက သဘောမတူခဲ့ပါ။
"အဲ့အတွက်ကကိစ္စမရှိဖူး၊အခု မင်းကိုကူညီဖို့ကပိုအရေးကြီးတယ်"
"ငါ့ပြစ်မူအတွက် ငါဝန်ခံခဲ့ပြီးပြီ၊ ရှေ့နေ့ဌားလို့လဲဘာမှ အကျိူးမထူးဖူး၊ဘယ်လိုပဲဖြစ်ဖြစ် ငါထောင်ကျမှာပါပဲ"
" Saifa.. မင်းနဲ့ငါညီအကိုတွေလေ၊ မင်းအမှန်ပြောတာလား လိမ်နေတာလားဆိုတာကိုငါမပြောနိုင်ပဲနေပါ့မလား"
"ဒါပေမဲ့ လူတိုင်းကအဲ့လိုပဲထင်နေကြတာမို့ မင်းလဲ အဲ့အတိုင်းပဲတွေးလိုက်သင့်ပါပြီ"
"မင်းဘာလို့အမှန်တိုင်းမပြောတာလဲ၊ ဘာကိုဖုံးကွယ်ထားတာလဲ၊ သူများကို ကာပေးနေတာလား"
"မင်းပိုကောင်းတဲ့ဘဝမှာနေရဖို့ ကြိုးစား၊ စာကိုပဲအာရုံစိုက်၊မင်းအမြဲ ကြိုးစားခဲ့သလိုပဲ စာကြိုးစားပါ"