Chapter 15

1.8K 107 28
                                    

ကစားသမားများအားလုံးစုဝေးကြဖို့ ဝီစီမူတ်သည့်အသံကြောင့် အပြာအသင်းမှ ဘောလုံးသမားများ တယောက်ပြီးတယောက် ကွင်းထဲဝင်လာကြပြီးမိနစ်အနည်းငယ်တွင်စတော့မည့် ပွဲအတွက်ပြင်ဆင်နေကြသည်။

ပရိသတ်များအားပေးသည့်စင်ပေါ်သို့ Kanghan ရဲ့စူးရှ‌သော မျက်လုံးများက အရှေ့မှအနောက်သို့ကြည့်နေမိသည်။ အခုချိန်မှာ Kanghan တွေ့ချင်သည့်သူက ဒီအချိန်လောက်ဆို မရောက်လောက်သေးဖူးဆိုတာကိုတော့ Kanghan ကောင်းကောင်းသိသည်။

ဒီမနက်က သူနိုးလာတော့ Sailom မှာအဖျားငွေ့ငွေ့ရှိနေသေးသည်။ထို့ကြောင့် Kanghan က Sailom အတွက် စားစရာသွားဝယ်ပြီးစာရွက်ပေါ်တွင်စာတိုလေးရေးထားပေးခဲ့သည်။

[ဆန်‌ပြုတ်စားပြီးရင် ဆေးကိုအချိန်နဲ့သောက်နော်၊ ခေါင်းမမာနဲ့]

Kanghan ကSailom နိုးလာတော့မည်ကိုမြင်သောကြောင့် ကျောင်းသွားရန်အိမ်မှ ချက်ချင်းပဲထွက်လာခဲ့သည်။

ထိုအချိန်မှာ Sailomစိုးရိမ်နေသလိုမျိူး Kanghanရဲ့နှလုံးသားထဲမှာ အမုန်းတရားမရှိပါ၊Kanghanရဲ့စိတ်ထဲမှာ ဘာကိုမှ မပြင်ဆင်ရသေးတာကြောင့် Sailomကို တည့်တည့်မကြည့်ရဲခြင်းသာဖြစ်သည်။

အထူးသဖြင့် Kanghanကထီးများထည့်ထားသော ခြင်းတောင်းအသေးလေးရှိသည့် အိပ်ခန်းတံခါးနားမှဖြတ်သွားလိုက်သည်။ ထိုတနေရာထဲတွင် လေရဟတ်ပုံပါသော ထီးနှစ်လက်အတူရှိနေတာကို Kanghan တွေ့လိုက်ရသည်။

Kanghan ရဲ့ နှလုံးသားကအရူးတယောက်လိုခုန်ပေါက်နေသည်။ မှေးမှိန်နေသော အတိတ်ကဖြစ်ရပ်တစ်ခုက တဖြည်းဖြည်းနဲ့ရှင်းလင်းလာခဲ့သည်။သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့သော အရာများကို Kanghan အံ့ဩနေတုန်းမှာတောင် ခံစားချက်တွေက  ပြင်းထန်သည်ထက်ပြင်းထန်လာသည်။

သူ Sailom ကိုပြန်တွေ့ရင်ဘယ်လိုမျက်နှာခြင်းဆိုင်ရမလဲဆိုတာ မသိပေမဲ့ အခုတော့ Sailom ဆီက ‌အားပေးမူကို Kanghan လိုချင်နေသည်။ထို့အပြင်သူ့စိတ်ထဲမှာရှိနေသည့်ကောင်လေးကို အခုအချိန်မှာ သူနဲ့အတူတူရှိပေးဖို့ မျှော်လင့်နေမိသည်။

အပြာအသင်းက ဘောလုံးသမားတွေကိုအဖွဲ့နှစ်ဖွဲ့ခွဲကာ စပြီး ကစားကြသည်။ကွင်းအလယ်သို့ကန်လိုက်သော ဘောလုံးက တိုက်ပွဲတခုဖြစ်ပြီးစတင် ကစားမဲ့ ကစားသမားရဲ့ကံကြမ္မာနှင့် အရည်အချင်းကိုဆုံးဖြတ်သည်။

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now