Namကသူ့အရှေ့တွင်ရှိသော မီးခိုးရောင် တိုင်များကို မကြာမခဏ တွေ့မြင်နေရသလို ရင်းနီးကျွမ်းဝင်လာသည်။အခုတော့ Saifaကအရင်နေရာမှာ ထိုင်နေခြင်းမဟုတ်တော့ပါ၊အခုတော့ Namရဲ့နေရာဖြစ်နေခဲ့ပြီ၊
Namက Saifaကိုပြုံးပြသည်။"ဒီရက်ပိုင်း ဘယ်လိုနေလဲ"
"ငါကမင်းကိုမေးရမှာလေ Nam"
Saifaကရယ်လိုက်သည်။ Namကလဲရယ်သည်။
"ဒီထဲမှာနေရတာ သိပ်မဆိုးပါဖူး"
"ဒါပေမဲ့ ကောင်းလဲမကောင်းပါဖူး"
ထောင်ထဲမှာနေခဲ့ဖူးသော Saifaကဒါကိုကောင်းကောင်းသိသည်။
"အင်း အဲ့နေ့က မင်းသတိပေးတာကိုသာနားထောင်ခဲ့ရင် ငါကံကောင်းမှာပဲ"
"မင်းအချိန်တွေကိုနောက်ပြန်လှည့်လို့မရတော့ဖူး၊ဒါပေမဲ့နောင်အနာဂတ်မှာ ဘယ်လိုနေသွားမလဲဆိုတာကိုတော့ မင်းရွေးချယ်လို့ရသေးတယ်"
"ဟုတ်တယ်၊သေသေချာချာပြန်ကြည့်လိုက်ရင် အရာအားလုံးက သူ့ရဲ့နေရာမှန်သူပြန်ရောက်သွားသလိုပဲ၊လူတိုင်းကကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်ကို တန်ပြန်ခံနိုင်ရမယ်"
Namကပြုံးသည်။
"ဘယ်သူမှ သူ့လက်က မလွတ်နိုင်ခဲ့ဖူးလေ၊ ငါပဲဖြစ်ဖြစ်၊Jeng အရည်ချင်းရှိတယ်လို့ထင်ခဲ့တဲ့ဘယ်သူပဲဖြစ်ဖြစ်"
"အင်းး"
Namကသဘောတူစွာဖြင့်ခေါင်းငြိမ့်သည်။
"မင်းရောဘယ်လိုနေလဲ၊ ဘာတွေလုပ်နေလဲ"Saifaက Mrs.Gingကို ပြုစုပေးပြီး Sailomက Kanghan ကိုစာပြန်သင်ပေးဖို့ အခွင့်အရေးရခဲ့ကြောင်း Namကိုပြောပြသည်။
အခုတော့သူတို့ညီအကိုနှစ်ယောက်ရဲ့ဘဝက အရင်ကလိုအကြွေးရှင်တွေဆီက ထွက်ပြေးရန်မလိုတော့တာကြောင့် ကောင်းမွန်သည်ဟုဆိုနိုင်သည်။
"မင်း ဘဝအကောင်းဘက်ကိုပြောင်းလဲသွားတာငါဝမ်းသာပါတယ်၊မင်းကိုဆွဲသွင်းခဲ့မိတဲ့အတွက်လဲတောင်းပန်ပါတယ်"
"မင်းငါ့ကို ကူညီပေးဖို့ပြန်ကြိုးစားခဲ့တာငါသိပါတယ်၊ မဟုတ်ရင် Jengကငါ့ကိုသတ်မှာ"