ဆေးရုံကား၏ အချက်ပေးသံမှာ လမ်းကြိုလမ်းကြားအနှံ့မြည်ဟီးနေတာကြောင့် ထိုပတ်ဝန်းကျင်မှာနေထိုင်သူများ နိုးလာကြသည်။ဒီအိမ်ကြီးမှာနေထိုင်သော လူများမှာတော့ မွှန်ထူပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်မှာ ပြောစရာမလိုတော့ပါ။
နှစ်ပေါင်းများစွာအထင်အမြင်လွဲမှားခဲ့ကြသောမိသားစုဆက်ဆံရေးမှာ လွန်ခဲ့သည့်နာရီအနည်းငယ်ကမှ ပြုံးပျော်ပြီးညစာတူတူစားခဲ့ကြသော်လည်း စူးစူးဝါးဝါးသေနတ်သံအပြီးတွင် ဆူညံပေါက်ကွဲသော ဟာရီကိန်းမုန်တိုင်းက ထိုပျော်ရွှင်မူဆီသို့ဝင်ရောက်လာခဲ့သည်။
အားလုံးရဲ့ အကူအညီဖြင့် Mr.Gongကိုဆေးရုံသို့ခေါ်သွားကြပြီးမူခင်းဆေးဌာနမှ ပထမဦးဆုံးသတင်းအချက်အလက်မရခင်အချိန်အထိ ရဲဆီမှ ပထမအဆင့်သက်သေခံထွက်ဆိုခြင်းကို ထိုင်စောင့်နေရုံသာတတ်နိုင်ကြသည်။
လက်နက်အနေနှင့်သေနတ်ကိုကိုင်ဆောင်ထားသူက Saifaတယောက်ထဲရှိတာကြောင့် Saifa ကသံသယရှိသူဖြစ်ခဲ့ပြီ ရဲများဘက်မှ အမှန်ကိုသိရသည်အထိ စုံစမ်းရေးအတွက် Saifaကစခန်းတွင် ထိန်းသိမ်းခံရမည်ဖြစ်သည်။
ရဲနှစ်ယောက်ရဲ့ လက်ထိပ်ခတ်ခြင်းကိုခံရသော ထိတ်လန့်နေသည့်အမူအယာဖြစ်နေသည့် သူ့အကိုSaifa ကိုကြည့်ပြီး Sailom ဘာမှ မတတ်နိုင်ခဲ့ပါ။ Sailom တခါမှ မခံစားခဲ့ရဖူးသောခံစားချက်ဖြင့် အရမ်းကိုကြောက်လန့်နေမိသည်။Sailomကိုအကြွေးတောင်းသူများဝန်းရံထားခဲ့တာတောင်မှ အခုကြောက်ရွံ့ခြင်းနှင့်အဆများစွာဝေးကွာလွန်းခဲ့သည်။
"ငါမလုပ်ဖူး Sailom၊ မင်းငါ့ကိုယုံမှရမယ်"
Saifaကသူ့ရဲ့ တစ်ဦးတည်းသောသွေးသားဖြစ်သူကို ကြည့်ပြီးအော်ဟစ်ပြောဆိုသည်။ Saifaကတစ်ခုခုကိုထပ်ပြီး ပြောချင်သည့်ပုံရှိသော်လည်း ထိုစကားကိုသာထပ်ပြောသည်။
"တကယ်ပြောတာ၊ငါမလုပ်ခဲ့ဖူး၊ ငါအဲ့လိုမလုပ်ခဲ့ဖူး"
"ဒါဆိုဘာဖြစ်ခဲ့လဲဆိုတာ ရဲကိုပြောပြလိုက်"
Sailom က ရဲအနောက်မှ လိုက်သွားပြီး ခေါင်းကိုအသာအယာငုံ့ပြကာ သူ့အကိုနှင့်ခဏလောက် စကားပြောခွင့်တောင်းလိုက်သည်။ထိုရဲက သဘောတူသည်အနေဖြင့်ခေါင်းငြိမ့်ပြသည်။