Chapter 16

1.6K 106 40
                                    

ပုဂ္ဂလိကဆေးရုံကြီး၏ နေရာတိုင်းတွင် ပိုးသတ်ဆေးရဲ့အနံ့အသက်ဆိုးများဖြင့်ပြည့်နှက်နေသည်။လူတော်တော်များများက ထိုအနံ့ကို ရောဂါကိုကာကွယ်နိုင်ပြီးကျန်းမာရေးနှင့်ညီညွတ်တာကြောင့်သဘောကျကြပြီး တချို့ကတော့ ထိုအနံ့ကြောင့်ဆေးရုံကိုလာဖို့ စက်ဆုပ်ကြသည်။

ထို့ကြောင့် ဆေးရုံကိုလာသော လူတချို့မှာတော့ ရည်ရွယ်ချက်ရှိသည်။ထိုလူက ဆေးရုံရဲ့ ပတ်ဝန်းကျင်မှာဘာပဲဖြစ်နေနေ စိတ်မဝင်စားပဲ သူ့ရဲ့မျက်လုံးများက တစ်စုံတစ်ခု(သို့)တစုံတယောက်ကိုရှာနေသလိုမျိူး အတွေးများဖြင့်ပြည့်နေသည်။

Saifaကသူရှာနေသည့်ပစ်မှတ်ကိုတွေ့တာနဲ့ရပ်လိုက်ပြီး
လူတိုင်းကိုရင်းနီးသည်ဟုခံစားရစေသည့်အပြုံးကိုပြုံးလိုက်သည်။Saifaက စိုးရိမ်နေသည့်အမူအရာဖြင့် Wheelchair ပေါ်တွင်ထိုင်နေသော အမျိူးသမီးရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့်လမ်းလျှောက်သွားလိုက်သည်။

"Sawasdee Krub"

Safiaက လက်အုပ်ချီပြီးရိုသေစွာနူတ်ဆက်လိုက်သည်။

"အဖွားဒီမှာ ထိုင်နေတာကြာပြီနော်၊ အဖွားဆေးစစ်ဖို့ရှိလားဗျ"

ဒီပုဂ္ဂလိက ဆေးရုံရဲ့ တံဆိပ်ပါဝင်သော အဖြူရောင်Coatကိုဝတ်ဆင်ထားသည့် Nurse အမျိူးသားက နွေးထွေးဖော်ရွေစွာဖြင့်ပြုံးပြသည်။
Saifaရဲ့ နားထောင်လို့လွယ်ကူသည့်အသံကြောင့် သူ့အခြေအနေကို စိတ်ပူနေသော လူနာမှာ စိတ်သက်သာရာရသွားသည်။

Saifaကဒီအလုပ်ကိုနှစ်ရှည်လများ လုပ်လာသူဖြစ်တာကြောင့် အထူးသဖြင့်အသက်ကြီးရွယ်အို လူနာများနှင့် ဆက်ဆံပြောဆိုရာတွင်အရမ်းကိုကျွမ်းကျင်သူဖြစ်သည်။

"အဖြေထွက်လာပါပြီ၊ ဆရာဝန်က အဖွားကို မနက်ဖန်ခွဲစိတ်ဖို့ပြင်ထားဖို့ပြောတယ်"

"အာ..... အရိုးအကြောဆရာဝန်လားဗျ"

"ဘယ်လိုလုပ်သိတာလဲ"

အဖွားGingက wheelchair ပေါ်မှာ ထိုင်နေတာကြောင့် Nurseအတွက် ခန့်မှန်းရမခက်ကြောင်း အခုမှစဉ်းစားမိပြီးပြုံးလိုက်သည်။

"အဖွားဒူးနာနေတာကြာပြီလေ၊ ချက်ချင်းပဲခွဲစိတ်လိုက်ချင်တာ၊ ဒါပေမဲ့အဖွား စိတ်ပူနေတုန်းပဲ"

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now