Chapter 17

1.4K 88 21
                                    

မူးဝေစေသော စီးကရက်အနံ့က အချိန်ခဏလေးအတွင်းမှာပဲ လေထုထဲတွင်ပျံ့နှံ့လာသည်။
ထိုလူက စီးကရက်ကိုကိုင်ပြီး တိတ်ဆိတ်စွာ ဖွာနေသည်။သူ့မျက်လုံးတွေက မှောင်မဲနေပြီး သူ့မျက်နှာက ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ခြင်းနစ်မျိူးလုံးရှိနေသည်။
Saifaက ထိုလူကိုကြည့်ပြီးပြုံးလိုက်သည်။

"မင်း နောက်နေတာမဟုတ်လား"

သူတို့နစ်ယောက်စကားစပြောကထည်းက ဒုတိယအကြိမ် Namက ဒီကိစ္စကိုပဲအလေးထားပြီးပြောနေသည်။

"မနောက်ပါဖူး၊ အဲ့အိမ်က အလုပ်သမားဌားဖို့ပြင်နေတာဆိုတော့ မင်းကိုတွေးမိလို့"

Saifaကသူ့အရှေ့တွင်ရှိသောမှောင်မည်းနေသော Chao Phraya မြစ်ပြင်ကိုကြည့်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အေးမြသော လေညှင်းက အလုပ်တွေများနေသော Saifaလိုလူကို ပိုပြီး စိတ်သက်တောင့်သက်သာဖြစ်စေသည်။

Saifaရဲ့အလုပ်အသစ်ကMrs.Gingကို‌ဂရုစိုက်ပေးရသည့်အလုပ်ဖြစ်ပြီး Saifaလုပ်ခဲ့သမျှ အလုပ်များထဲတွင်အသက်သာဆုံးအလုပ်ဖြစ်သည်။
အလုပ်ရဲ့သဘောတရားကရိုးရှင်းပြီးလစာလည်းများသည်။ပြီးတော့ Saifaက ဇိမ်အပြည့်နှင့်အိမ်အကြီးကြီးမှာလဲနေနိုင်သည်။

ပထမဆုံးအကြိမ် Saifaက သူ့ရဲ့အနာဂတ်ကို အကြွေးတွေမြန်မြန်ပေးနိုင်ပြီး သူလိုချင်သည့်ဘဝတွင်နေနိုင်မည်ဟုအိမ်မက်မက်မိသည်။

"ငါမင်းကို အဲ့အလုပ်နေရာအတွက် လျှောက်စေချင်တယ်"

Namက Saifaရဲ့ ခက်ခဲသောဘဝတစ်လျောက်လုံးတွင်အတူလိုက်ပါခဲ့သော တစ်ဦးထဲ‌သော သူငယ်ချင်းဖြစ်ခဲ့‌တာကြောင့် Saifaနှင့် Namကအလွန်ကောင်းမွန်သောဆက်ဆံရေးရှိတာကြောင့်ဖြစ်သည်။

Saifaအရင်တခါ အကြွေးပြန်ဆပ်ရမည့်နေ့အတွက်Namနဲ့တွေ့ခဲ့စဉ်က Saifaလက်တလောလုပ်နေသည့်အလုပ်အကြောင်း Namကိုမပြောပြဖြစ်ခဲ့ပါ။ဒါပေမဲ့ Namဆီမှ အကြွေးတောင်းသည့်ဂိုဏ်းမှာဆက်မလုပ်ချင်တော့ပဲနေရောင်မြင်ရသည့်နေရာတွင် အလုပ်လုပ်ချင်ကြောင်းကိုSaifa ကြားခဲ့ရသည်။

ထို့ကြောင့်Mr.Gongအတွက် ရေရှည်ကား Driver အလုပ်သမားလိုနေကြောင်း Mrs Gingနှင့် Mr.Gongတို့ပြောဆိုနေတာကိုကြားခဲ့ပြီး ချက်ချင်းပဲ Namကို သတင်းပေးခဲ့ခြင်းဖြစ်သည်။

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now