Chapter 1

2.2K 129 9
                                    

Sailom က သူ့ပုခုံးပေါ်ကလွယ်အိတ်ကြိုးကိုခပ်တင်းတင်းဆုပ်ကိုင်ပြီး ကျောင်းဂိတ်အပေါက်ဝသို့လမ်းလျှောက်သွားနေသည်။
Sailom ရဲ့ညာဖက်ကိုကြည့်လိုက်ရင် ကွင်းအလယ်ခေါင်‌ကြီးတွင်ရှိနေသော နိုင်ငံ့အားကစားကွင်းလောက်ထိ ကြီးမားသောကွင်းကြိိီးကိုတွေ့ရမည်ဖြစ်သည်။
ကွင်းဘေးပတ်ပတ်လည်တွင် ရှည်လျားသော ခြောက်ထပ်မြင့်သည့် ခေတ်မှီအဆောက်အအုံ3ခုဖြင့် ဝန်းရံထားသည်။အဆောက်အအုံအတွင်းရှိ Basketball ကွင်းမပါသေးပါ။ ပြီးတော့ ကျောင်းမှ လစဉ် ‌စစ်ဆေးထားသော အရသာကောင်းမွန်သည့် Cafeteria ကြီးရှိသည်။
ကျောင်းသူ ကျောင်းသားတွေရဲ့ကျောင်းနေစဉ်ဘဝကို မေးခွန်းထုတ်နေစရာမလို၊ ကျောင်းအတွင်းသို့ ဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ ဒုတိယအိမ်လို ခံစားရမည်ဆိုသည့် အဆိုလဲရှိသည်။
အဲ့ဒီ့အဆိုအမိန့်ကို ကျောင်း semester အစပထမဆုံးနေ့တွင် ကျောင်း Director ကပြောခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ အဲ့လိုပြီးပြည့်စုံနေခြင်းဟာ ကျောင်းရဲ့ ပြသနာအက်ကွဲကြောင်းတွေကိုဖုံးကွယ်ဖို့တန်ဆာဆင်ထားခြင်းသက်သက်သာဖြစ်လေသည်။

အဆက်မပြတ်လမ်းလျှောက်လာသော Sailomရဲ့ ခြေလှမ်းတွေက ကျောင်း Cafeteria သို့ရောက်ချိန်တွင်ရပ်သွားသည်။
တယောက်ယောက်က Sailom ကို လက်ဟန်ခြေဟန်ဖြင့်မခေါ်ခင် Sailom က လည်ပင်းကိုဆန့်ပြီးကြည့်လိုက်သည်။

ဒီကျောင်းက Ekson ကျောင်းဖြစ်တာကြောင့် Semester တိုင်းတွင် ကျုရှင်လခဈေးကြီးသည်ဖြစ်သည်။ထို့ကြောင့် ဒီကျောင်းမှာ လာတတ်သည့်ကျောင်းသားများကအရမ်းကိုချမ်းသာသည့် သူများ ဖြစ်သည် ၊မဟုတ်ရင် ပြသနာမရှိလောက်သည်အထိ အတော်အသင့်ချမ်းသာသူများဖြစ်သည်။
သူတို့တွေက Sailom လိုမျိူး အကြွေးဆပ်ဖို့အချိန်ပိုင်းအလုပ်ရှာရသူများမဟုတ်ကြပါ။

ထို့ကြောင့် စာတော်လို့ Scholarships ရထားသော Sailomကဒီကျောင်းမှာရှိတဲ့လူချမ်းသာကျောင်းသားများရဲ့ ဖယ်ကျဉ်ခြင်းကိုခံရသည်။Sailomက အလယ်တန်းကျောင်းသားများဆီကပါ ခွဲခြားဆက်ဆံခြင်းခံရသေးသည်။
နောက်ဆုံးတော့ Scholarship ရထားသောကျောင်းသားအချင်းချင်းကသာစည်းလုံးပြီးသူငယ်ချင်းတွေဖြစ်လာကြသည်။

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now