"ငါ့သင်္ချာစာအုပ်တွေ့မိသေးလား"
ဆယ်ကျော်သက်ကောင်လေးက သူ့ခေါင်းကိုထောင်ကြည့်ပြီးမေးသည်။ကောင်လေးက သူ့စာအုပ်ကို ပြူးပြဲရှာနေပြီး သေသေသပ်သပ်ဖြီးထားတဲ့သူ့ခေါင်းကဆံပင်တွေကိုဆွဲဖွလိုက်သည်။Sailomကသူ့စာအုပ်ကိုအကြာကြီး ရှာနေခဲ့သော်လဲ သူ့ရဲ့အိမ်စာ စာအုပ်ကိုဘယ်မှာထားလိုက်မိမှန်း မမှတ်မိတာကြောင့်ဘေးခုံမှာထိုင်သည့်သူငယ်ချင်းကို မေးရမှာလဲပူပန်မိသည်။
Sailomရဲ့ပစ္စည်းတွေ ပျောက်လို့အချိန်ကုန်ခံပြီးရှာရသည်မှာ ဒါပထမဆုံးအကြိမ်မဟုတ်တော့ပါ၊မနေ့က Englishစာအုပ်ပျောက်သွားသည်။ဒီနေ့မှာလဲ အလားတူအဖြစ်မျိူးထပ်ဖြစ်ပြန်တော့ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ကိုSailomခံစားမိလာသည်။
"ငါနေရာတိုင်းမှာရှာပြီးပြီ ဒါပေမဲ့ရှာမတွေ့ဖူး"
"မင်းအိမ်ကနေယူလာဖို့မေ့ခဲ့တာများလား"
Autoက Sailom ရဲ့လက်ဆွဲအိတ်ထဲတွင်နောက်တစ်ခါကူရှာပေးနေရင်းမေးသည်။
"ဒီမနက်ကတင် Guyကစာအုပ်ဌားသေးတယ်၊Hey သူပြန်ပေးလိုက်တာငါမှတ်မိတယ်၊ငါ့စားပွဲရဲ့အံဆွဲထဲမှာ ထည့်ထားတာ"
Sailom က စားပွဲရဲ့ အံဆွဲကိုနောက်တခါဖွင့်ကြည့်ပြန်သည်။ဘာမှမတွေ့ရပါ၊အဲ့အချိန်မှာစာသင်ခန်းရဲ့ နောက်ဆုံးမှထွက်လာသောအသံကြောင့် ထိုလူကို Sailom ကြည့်လိုက်သည်။
" သင်္ချာအိမ်စာကို တစ်နာရီထဲနဲ့အပြီးလုပ်တာမဖြစ်သင့်ဖူးမဟုတ်လား"
Kanghan က အသံကျယ်ကျယ်ဖြင့်မေးသည်။Kanghanနှင့်အလွန်ရင်းနီးသော Marcက အလျင်အမြန်ပြန်ဖြေသည်။
"အေး၊ငါတို့ အောက်ဆင်းပြီး ထမင်းကောင်းကောင်းစားကြမယ်၊ပြီးရင် အချိန်ရှိပါသေးတယ်၊ မင်းရော ကူးပြီးပြီလား"
"ဒါပေါ့ ၊ငါဒီနေ့ကံကောင်းနေတာ၊ဘယ်သူ့ရဲ့အိမ်စာ စာအုပ်မှန်းမသိတဲ့ဟာက ကောင်းကင်ပေါ်ကနေကျလာတယ်လေ၊အဲ့စာအုပ်က အချိန်မှီကူညီပေးသွားတာ"
အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် Sailom ရဲ့ သင်္ချာ စာအုပ်သာပျောက်မနေခဲ့ဖူးဆိုရင် Kanghan ပြောသည့် ကောင်းကင်ကကျလာသည့်စာအုပ်အကြောင်းကို Sailom ဘယ်တော့မှဂရုစိုက်မိမည်မဟုတ်ပါ။