Mr.Gongကစီးပွားရေးနယ်ပယ်တွင် အတော်အတန် နာမည်ကျော်ကြားသူဖြစ်တာကြောင့် မတော်တဆဖြစ်မူမှာ မီဒီယာများမှတဆင့် ပျံ့နှံ့သွားသည်။သံသယရှိသူ၏ဝန်ခံချက်ကို လူအများစုက အတိအကျမသိကြသော်လည်း Saifaအပြင် တခြား ပြသနာရှိသူများလည်း များစွာရှိနိုင်ကြောင်းကို သိရှိသည့် Teacher Nabdaoလိုလူများလဲရှိသေးသည်။
"နေကောင်းလား"
Sailom က တိုင်ပင်ဆွေးနွေးခန်းတွင် သူမအရှေ့မှာ ခုံတွင်ထိုင်လိုက်သည်နှင့်Mrs.Nabdaoက မေးသည်။
ထိုသတင်းအကြောင်း သူမ TVတွင်ကြားခဲ့ရသည့်နေ့တုန်းက ငြိမ်ငြိမ်မထိုင်နိုင်ခဲ့ပါ၊မကြာသေးခင်က Saifaက ပြစ်မူကိုဝန်ခံလိုက်သည့်သတင်းကသူမကိုပိုပြီး စိုးရိမ်လာစေလာတာကြောင့် Sailom ကိုချက်ချင်းပဲဆက်သွယ်လိုက်ခြင်းဖြစ်သည်။
ဒါပေမဲ့ ဖြစ်ခဲ့သမျှ အရာအားလုံးကို Sailom က ဘယ်သူနဲ့မှ မပြောချင်တော့ပါ။ ဒါပေမဲ့ သူမက Sailom တို့ညီအကိုနှစ်ယောက်ကိုစိုးရိမ်ပြီး မိသားစုသဖွယ်ရင်းနီးနေတာကြောင့် အကြောင်းကံမလှသော ကံကြမ္မာအတွက် Sailom ကိုကူညီအားပေးချင်ခဲ့သည်။ထို့ကြောင့် သူမက Sailom ကို အတန်းပထမဆုံး မစခင်အချိန်တွင်တွေ့ဆုံဖို့ချိန်းလိုက်ခြင်းဖြစ်သည်။
"အစ်မ သတင်းတွေ အကုန်ကြည့်ပြီးပြီ"
Nabdaoက ဆွေးနွေးခန်းတွင်သူမနှင့် Sailom နှစ်ယောက်ထဲရှိနေစဉ်တွင်ပြောသည်။
"ဟုတ်"
Sailom ကတိတ်ဆိတ်စွာဖြင့်သူ့ခေါင်းကိုငုံ့ထားသည်။ Sailom ကစကားမပြောချင်တာကြောင့် မဟုတ်ပဲ သူ့အကိုနှင့်ရင်းနှီးသည့်တခြားသူတယောက်ထက်ပိုပြီး သူလဲဘာမှ မသိတာကြောင့်ဖြစ်သည်။
"ရိုးရိုးသားသားပြောရရင် Saifaအဲ့လိုလုပ်ခဲ့တယ်ဆိုတာအစ်မမယုံဖူး၊ အစ်မတို့သိရသလောက်ဆိုရင် Saifaကအဲ့လိုကိစ္စမျိူးလုပ်ရလောက်တဲ့အထိ ဆိုးတဲ့သူမဟုတ်ပါဖူး"
Nabdaoကသူမရဲ့ မကျေနပ်မူကိုဖော်ပြတာကြောင့် Sailomက ခေါင်းကိုမော့ကြည့်လိုက်သည်။ Sailom က သူမကို တခြားသူများနည်းတူ Saifa ကျူးလွန်ခဲ့ကြောင်း ယုံကြည်နေလိမ့်မည်ဟုထင်ခဲ့တာ ဖြစ်သည်။ Kanghan တောင်မှ ထိုသို့ ယုံကြည်ခဲ့တာကြောင့်ဖြစ်သည်။