ကံကြမ္မာက လူသားတွေအပေါ်တခါတလေမှာလှည့်စားတတ်ကြောင်း ဘယ်သူသိနိုင်မှာလဲ?
ကံကြမ္မာက မင်းတို့ရဲ့ မျှော်လင့်ချက်တွေက်ိုထပ်ခါ ထပ်ခါဖျက်စီးပစ်တတ်ပါတယ်...စာမေးပွဲဖြေပြီး တပတ်အကြာတွင် Sailom ကသူ့လက်ထဲသို့ ဆရာမလာပေးသော အမှတ်စာရင်းကိုကြည့်နေသည်။ Sailom က သူ့ရဲ့ထိပ်တန်းမှာရှိနေသော Gradeများကိုထိန်းထားနိုင်ဆဲဖြစ်ပြီး Scholar လဲရရှိနေဆဲဖြစ်သည်။
ဒါပေမဲ့ ဒီတခါတော့ Sailomကသူ့ရဲ့အမှတ်ကိုလုံးဝဂရုမစိုက်ပါ၊ Sailom အတွက်တော့ Kanghan ကိုင်ထားသည့်အမှတ်စာရင်းကပိုအရေးကြီးသည်။Sailom က report တင်ဖို့အတွက် သူ့အမှတ်စာရင်းကို အိတ်ထဲ မထည့်ပဲ အတန်း၏အနောက်တွင်ထိုင်သော Kanghan ကိုလှည့်ကြည့်လိုက်သည်။Kanghanကသူ့လက်ထဲက အမှတ်စာရင်းကို အလေးအနက်မျက်နှာထားဖြင့်ကြည့်နေသည်။ Sailom က မတ်တပ်ထရပ်လိုက်ပြီး Kanghan ကိုကြည့်ဖို့သွားလိုက်သည်။ တခြားအတန်းဖော်တွေက သူတို့ရဲ့ အမှတ်စာရင်းကိုသာအာရုံရောက်နေတာကြောင့် Sailom ကိုဘယ်သူမှသတိမထားမိပါ။
Kanghan ကSailomသူ့အနားသို့မရောက်ခင် လွယ်အိတ်ကိုဆွဲပြီး အတန်းထဲမှထွက်ပြေးသွားသည်။
Sailom ကအနောက်ကအပြေးလိုက်ပြီး Kanghan ပထမထပ်သို့မရောက်ခင်မှာပဲ Kanghan ရဲ့ အရှေ့တွင်ပိတ်ရပ်လိုက်သည်။
Sailom က အမြန်ပြေးလိုက်ထားတာကြောင့် အသက်ကိုပင့်ရူပြီး သူ့လက်နှစ်ဖက်ဖြင့် ဒူးကိုထောက်ကာအရှေ့သို့ကိုင်းထားသည်။"ငါမင်းကိုခေါ်နေတာ နေ့တဝက်လောက်ရှိနေပြီ၊ ငါခေါ်တာမကြားဖူးလား"
"ကြားတယ်"
"အဲ့ဒါဆိုဘာလို့ မရပ်တာလဲ"
"ငါမင်းကိုစိတ်မပျက်စေချင်လို့"
Sailom ဘာပြောရမှန်းမသိပါ၊ ဒါပေမဲ့ Kanghan ရဲ့အသံနှင့်မျက်နှာထားအရ အဖြေကိုခန့်မှန်းနိုင်ပြီဖြစ်သည်။
"ငါ....တစ်ဘာသာကျသွားတယ်"
Kanghan ကသူ့ရဲ့အမှတ်စာရင်းကို Sailom ကိုပြပြီး အိပ်မက်ယောင်သူတစ်ယောက်လိုစကားပြောသည်။
Sailom ကအလုပ်လက်မဲ့ဖြစ်ရတော့မည့်သူ့ရဲ့ပြသနာကို အနောက်မှာထားပြီး Kanghan ရဲ့ ဝမ်းနည်းမူတွေလျော့သွားစေရန်ပြုံးပြလိုက်သည်။