Kanghan ကိုမမျှော်လင့်ထားပဲ ဖွင့်ပြောမိတဲ့နေ့ထဲက Sailom ကချက်ချင်းပဲ အထုတ်အပိုးတွေပြင်ပြီး အိမ်ကိုပြန်လာခဲ့သည်။
Sailom က အဖွားGingကိုတော့ အရေးတကြီးဖြေရှင်းရမည့် ကိုယ်ရေးကိုယ်တာကိစ္စတခုရှိတာကြောင့်ဟုပြောပြီးစာသင်ဖို့ ခဏရပ်နားထားရန်တောင်းဆိုခဲ့သည်။အဖွား Gingက Sailom ကို မေးခွန်းများများစားစားမမေးပါ။
ဒါပေမဲ့ Sailom အခုလို Kanghan ကိုဆက်ပြီးရှောင်တိမ်းနေမည်ဆိုရင် အရာအားလုံးပြီးဆုံးသွားသလိုပဲဖြစ်သည်။သူတို့နှစ်ယောက်က တစ်တန်းထဲ ကျောင်းတတ်နေတာဖြစ်သည့်အတွက် Kanghan ကိုတစ်သက်လုံးရှောင်တိမ်းဖို့ကမဖြစ်နိုင်ပါ။
ထို့အပြင် Sailom ရဲ့အခင်ဆုံးသူငယ်ချင်း Guyနှင့် Kanghan က ဘောလုံးသမားများဖြစ်တာကြောင့် Guyက Sailom ကိုရေဝယ်လာခိုင်းသည့်အခါတွင် Sailom မှာ ရွေးချယ်စရာမရှ်ိပဲ Kanghanနှင့်မျက်နှာချင်းဆိုင်တွေ့ရသည်။
Kanghan က သူ့ရဲ့T shirtဖြင့်ချွေးများကိုသုတ်နေသည်။Kanghanက သူ့ခေါင်းကိုမော့ကြည့်မိချိန်တွင် Sailom ရဲ့မျက်ဝန်းများဖြင့် ဆုံမိသောအခါအချိန်တွေခဏရပ်တန့်သွားသည်။Kanghanလဲစိတ်သက်တောင့်သက်သာမရှိစွာဖြင့် ရှက်မိသည်။ဒါပေမဲ့ မနီးမဝေးမှ Guyရဲ့ခေါ်သံက Kanghan ကိုတွေဝေနေရာမှ အသိဝင်လာစေသည်။
Sailom က သူ့အကြည့်ကိုမျက်နှာလွှဲပြီး Kanghan ဘေးမှ ဘာမှမသိသလိုဖြတ်လျှောက်သွားသည်။Sailom က အမြဲတမ်း Kanghan ကို ကြိုက်နှစ်သက်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ရင်းနှီးလာသည့်အချိန်တွင် Kanghan အပေါ်ထားသည့်အချစ်က ပိုပြီးပြင်းထန်လာခဲ့သည်။
ဒါပေမဲ့ Sailomဒီအကြောင်းတွေကို Guyနဲ့ Autoကိုတောင် မပြောပြဖူးပါ၊Sailomရဲ့သူငယ်ချင်းတွေက Kanghan ကိုသိပ်ပြီးသဘောမကျကြတာလဲ Sailom သိသည်။ပြီးတော့ Sailom နှင့် Kanghanကြားမှာ အနာဂတ်ဆိုတာလုံးဝမရှိမှန်း Sailom ခံစားမိသည်။အခုတော့ Sailom ပြောခဲ့သည့်စကားတွေ ၊Sailomပေးခဲ့သည့်ခံစားချက်တွေကို အလေးထားမနေပဲ တဖြည်းဖြည်းမှေးမှိန်လာချိန်မှာပဲ Kanghan ကိုလက်လွှတ်ရမည်ဖြစ်သည်။
"ပြီးရင် မင်းကိုပိုက်ဆံပြန်ပေးမယ်နော်"
Guy က Sailom လက်ထဲက ရေဘူးကိုယူပြီး အဖုံးကိုဖွင့်လိုက်သည်။ဒါပေမဲ့ Guyရဲ့လက်ကချွေးတွေ ထွက်နေတာကြောင့်အဖုံးဖွင့်မရဖြစ်နေသည်။ Sailomက မတတ်သာပဲ ရေဘူးကိုယူပြီး Guyအတွက် ရေဘူးအဖုံးကိုဖွင့်ပေးလိုက်သည်။