ထိုစကားလုံးများက Kanghan ရဲ့စိတ်ထဲတွင်ပဲ့တင်ထပ်နေပြီး Sailom ဆီမှ အရိုက်ခံလိုက်ရတာထက်ပိုပြီးဒေါသထွက်မိသည်။ရွှံ့အိုင်လို Sailom ရဲ့ ဘဝထဲကိုဖြတ်သန်းသွားခဲ့မိတဲ့အတွက် မထီမဲ့မြင်ပြုခံရသည့်အကြောင်းကိုတော့ထည့်တောင်မပြောချင်တော့ပါ။
ထိုအရာက Kanghan ကို အရမ်းစိတ်လူပ်ရှားစေသည်။Kanghanက ကားsteeringကိုတင်းကြပ်စွာကိုင်လိုက်သည်။
Sailom ဆီကနေ အရာအားလုံးကိုပြန်ယူရမည်။ထိုအချိန်တွင် Navaဆီမှ ဖုန်းခေါ်သည့်အသံကိုကြားရသည်။အဲ့တော့မှ Kanghan သူ့သူငယ်ချင်းနဲ့အတူတူ အိမ်မှာတစ်ညလုံးGameကစားကြဖို့ချိန်းထားမှန်းသတိရသွားသည်။ပုံမှန်ဆို Kanghan ရဲ့အိမ်၊ မဟုတ်ရင် Navaရဲ့အိမ်တွင်တစ်လှည့်စီကစားတတ်ကြသည်။
"Kanghan ဘယ်မှာလဲ"
ဖုန်းစပီကာမှ Navaရဲ့အသံကိုကြားရသည်။အနောက်မှ Marcရဲ့အသံကိုပါကြားလိုက်ရတာကြောင့် Kanghan မကျေမနပ်ဖြစ်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
"မင်း Sailom အိမ်ကဘယ်မှာလဲသိလား"
"ဘာလုပ်ဖို့မေးတာလဲ၊ မင်းမပြောလိုက်နဲ့နော်..."
Navaက အတင်းကြပ်ဆိုသလိုပြောသော်လည်းKanghanက ပြောပြရန်သာခြိမ်းခြောက်သည်။
"အဲ့ဒါတွေတွေးမနေနဲ့၊အဲ့မအေလိုးကငါ့မျက်နှာကိုရိုက်သွားတယ်၊ ဒီနေ့သူ့ကိုမှ မတွေ့ရရင် ငါ ညအိပ်ပျော်မှာမဟုတ်ဖူး"
"သူကဘာလို့မင်းကိုရိုက်တာလဲ"
Sailom ကသူ့သူငယ်ချင်းကိုအကြောင်းအရင်းမရှိပဲရိုက်တာလား ၊ Kanghanက အရိုက်ခံရအောင်တစ်ခုခုလုပ်ခဲ့လို့လားဆိုတာကို Nava သံသယဖြစ်နေမိသည်။
"ငါ့ကိုမေးခွန်းတွေမေးနေတာရပ်လိုက်တော့၊ Marcကိုမေးပေး၊ Sailom ရဲ့အိမ်လိပ်စာကိုသိလားလို့"
Kanghanစိတ်အခြေအနေမကောင်းတာကိုအသံမှတဆင့်သိလိုက်တာကြောင့်Navaက Marcကို Gameဆော့တာရပ်ခိုင်းလိုက်သည်။
ခဏကြာတော့ Marcက Sailom ရဲ့အိမ်လိပ်စာကိုသူ့သူငယ်ချင်းတစ်ယောက်ဆီမှသိလိုက်ရသည်။ထိုလိပ်စာက လူနေဖို့တောင်မကောင်းသော ဆင်ခြေဖုံးရပ်ကွက်တွင် ဌားထားသောအိမ်ဆိုတာကို Kanghan နေရာအတိအကျသိသည်။