Air Conမှထွက်လာသော လေအေးများကြောင့် Sailom ကသတိမမူစွာဖြင့် သူ့လက်မောင်းကိုသူပွတ်လိုက်သည်။တောက်ပသော Sailom ရဲ့မျက်ဝန်းနက်တွေက နေဝင်ချိန်နှင့်အတူ ညို့မိူင်းလာသည်။ဒါပေမဲ့ Kanghan ရဲ့မျက်ဝန်းများကတော့ ညကောင်းကင်က ကြယ်ပွင့်တွေလိုပဲတောက်ပနေသည်။
ပျော်ရွှင်မူအရာရာတိုင်းက Kanghan ဆီသို့ လွယ်လွယ်ကူကူရောက်လာတတ်သည်။ Sailom နှင့်တော့မတူပါ၊Sailomကတော့ ဖမ်းဆုပ်ဖို့ကြိုးစားခဲ့ရင်တောင် ဘယ်လောက်ပဲကြိုးစားပါစေ မရနိုင်ပါ။
SailomကအဖွားGingနှင့်သဘောတူညီမူယူပြီးထဲက ပစ္စည်းတွေထုတ်ပိုးပြီး နောက်တနေ့တွင် Kanghan ရဲ့အိမ်တွင်ပြောင်းနေခဲ့သည်။
Sailom က ဒီအိပ်ခန်းကိုစပြီး ရင်းနီးကျွမ်းဝင်နေပြီဖြစ်သည်။ဒါပေမဲ့ Sailom ရဲ့ စိတ်နှလုံးသားထဲမှာတော့ ဒီနေရာမှာရှိတဲ့အရာအားလုံး၊ အခုချိန်မှာ Sailom နဲ့အတူတူရှိနေသော လူ ကိုတောင်မှ Sailom နှင့်မသက်ဆိုင်ဖူးဆိုတာကို သိနေခဲ့သည်။
"ဘာလို့ကြမ်းပြင်ပေါ်မှာထိုင်နေဝာာလဲ"
အိပ်ယာပေါ်မှာလှဲအိပ်ပြီး ဖုန်းဆော့ နေသည့်အခန်းပိုင်ရှင်က Sailom ကိုစောင့်ကြည့်ပြီးမေးသည်။
"စင်ပေါ်မှာ စာအုပ်တွေစီနေတာ"
Kanghan က လွယ်အိတ်ထဲမှ စာအုပ်တွေကိုထုတ်နေသော Sailom ကိုကြည့်နေသည်။Sailomကမတ်တပ်ရပ်ပြီးစာအုပ်တွေကို Sailom ရဲ့ကိုယ်ပိုင်ပစ္စည်းတွေတင်ဖို့ Kanghan သီးသန့်လုပ်ပေးထားသည့် စာအုပ်စင်လေးပေါ်တင်လိုက်သည်။
Sailom အရှေ့မှအနောက်သို့လျှောက်နေတာကိုမြင်တော့ Kanghan ကသူ့လက်ကို ဆန့်တန်းပြီး အိပ်ယာပေါ်ရှိသူ့ဘေးမှနေရာလွတ်သို့ လက်ဖြင့်ပုတ်ပြလိုက်သည်။
"ဒီမှာ မြန်မြန်လာထိုင်"
Sailom ကအခန်းထောင့်ရှိဆိုဖာအနားသို့ ပြေးတော့မည်ကိုမြင်တာကြောင့် Kanghan က Sailom ကိုချိန်းခြောက်သည့်အနေဖြင့်အသံကိုမြှင့်လိုက်သည်။
"မင်းက တနေကုန် ခေါင်းမာနေတာပဲ"
"ငါ့ကို ကလေးလိုလာခေါ်မနေနဲ့"