Chapter 20

1.3K 70 25
                                    

ကျွန်တော်တို့ပျော်‌ရွှင်နေချိန်ဆိုရင် မုန်တိုင်းတွေစတင်လာတတ်တယ်မဟုတ်လား??
....

ပိတ်ရက်တိုင်း ဒီနေရာမှာ ထိုင်တတ်သော Kanghan နှင့် Sailom မရှိသည့်
ခြံရှေ့မှခုံတန်းရှည်ကြီးမှာ ဒီနေ့မှ ပိုအေးစက်နေခဲ့သည်။အကွေ့အကောက်များရှိသော သံစားပွဲကြီးပေါ်တွင် အေးစက်သောကော်ဖီတခွက်ရှိနေသည်။ထိုလူက ကော်ဖီခွက်ကိုထိဖို့တောင် ရည်ရွယ်ချက်မရှ်ိပဲထိုင်နေခဲ့တာ မိနစ်များစွာကြာခဲ့ပြီဖြစ်သည်။

Mr.Gongက ကျယ်ပြန့်သောခြံဝင်းကြီးကိုကြည့်ပြီး အထီးကျန်နေသည်။သူ့ရဲ့တစ်ဦးတည်းသောသားက ပစ္စည်းတွေထုတ်ပိုးပြီး Sailom အိမ်မှာတပတ်လောက်သွားနေဖို့ဆုံးဖြတ်ခဲ့သည်။

"သားကိုသတိရနေပြီလား"

Mr.Gongရဲ့အကြောင်းကိုအကုန်သိနေသော အသံပိုင်ရှင်မှာအဖွားGingဖြစ်ပြီး သူမက Saifaရဲ့အကူအညီဖြင့်အပြင်သို့ထွက်လာသည်။အဖွားGingက ဒူးခေါင်းခွဲစိတ်ပြီး လမ်းပြန်လျှောက်နိုင်တော့မည်ဖြစ်သော်လည်း SaifaကအဖွားGingရဲ့အချိန်ပြည့်ဝန်ထမ်းဖြစ်သွားခဲ့ပြီဖြစ်သည်။

"ပြသနာထပ်ရှာမှာ ကြောက်နေတာပါ၊သူ့မှာအိမ်‌ရှိတာတောင် မနေပဲ သူများအိမ်သွားနေနေတယ်၊ Sailomကိုတောင် အနှောင့်အယှက်ဖြစ်ဦးမယ်"

Mr.Gongက ခေါင်းမာသည့်သူ့သားအတွက် ‌တောင်းပန်ချင်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုစိတ်ဖြင့် Saifaကိုကြည့်လိုက်သည်။

"Sailomကအဆင်ပြေပါတယ်၊ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ ကျွန်တော့်ညီလေးဘေးမှာ သူငယ်ချင်းရှိနေတော့ကောင်းတာပေါ့"

"အဲ့လိုဆိုရင်တောင် Kanghan ဒီလိုမလုပ်သင့်ဖူး"

"ဘာက မမှန်တာလဲ?"

အဖွားGingက ခုံအလွတ်တွင် ထိုင်ပြီးမေးလိုက်သည်။ တခြားခုံတစ်ခုတွင် Saifaကိုထိုင်ဖို့ပြောသည်။

"သူကအမြဲတမ်းပြသနာကိုရှောင်နေကျပဲ"

Mr.Gongကသူ့အမေ မေးသည်ကိုပြန်ဖြေသည်။

"မင်းက ကိုယ့်သားကိုယ်ပြသနာကိုရှောင်တယ်လို့ပြောပြီးတော့ မင်းလဲကိုယ့်ပြသနာကိုယ်ဖြေရှင်းဖို့အတွက် ငွေသုံးခဲ့တယ်မဟုတ်လား"

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now