Chapter 3

1.1K 93 0
                                    

ကျောင်းအုပ်ကြီးရုံးခန်းဘေးမှ ညီလာခံခန်းမထဲတွင်ရှိသော မည်းမှောင်နေသည့်လေထုကSailomကိုစိတ်ဖိစီးလာစေသည်။

Sailomက ကျောင်းအုပ်ကြီးကိုကြောက်လန့်စွာဖြင့်ဖျက်ခနဲကြည့်လိုက်သည်။ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကပင် ခန်းမထဲရှိတဲ့လူအားလုံးကSailomကြောင့်ဖြစ်ရတာဆိုသောမျက်နှာများဖြင့်Sailomကိုအရေးယူရန်စိုက်ကြည့်နေကြခြင်းကြောင့်ဖြစ်သည်။

ရှိသမျှလူအားလုံးကိုတရားမျှတမူအတွက်ရပ်တည်ပေးဖို့ Sailom မမျှော်လင့်ထားပေမဲ့
ဆရာမကိုယ်တိုင်ကိုက ခံရသူကိုကာကွယ်ဖို့အတွက် အရေးယူမူနည်းနည်းလေးတောင်မရှိခဲ့တာကြောင့် Sailomစိတ်ပျက်မိသည်။

"အားလုံးဒီမှာစုဝေးရတဲ့အကြောင်းအရင်းကိုတော့ ထပ်မပြောတော့ဖူး၊ မင်းတို့အားလုံးသိကြမှာပါ"

တိတ်ဆိတ်မူကို ဖြိူခွင်းလာသော ကျောင်းအုပ်ကြီးရဲ့ ပြင်းထန်သောအသံခပ်နိမ့်နိမ့်က Sailom အတွေးတွေကိုရပ်သွားစေသည်။
ငွေရောင်အနားကွပ်မျက်မှန်ကိုဝတ်ထားသောကျောင်းအုပ်ကြီးက သူ့အနီးအနားကလူများကို ကြည့်ရူစစ်ဆေးနေပြီး Kanghan ဆီတွင်အကြည့်ရပ်သွားသည်။

Kanghan::: ကျောင်းတွင်းအနိုင်ကျင့်မူပြုခဲ့သူ၊ ကျောင်းအုပ်ကြီးကချက်ချင်းပဲအကြည့်ကိုလွှဲလိုက်သည်။

"ပထမဆုံးအနေနဲ့ Kanghan ကကျောင်းမှာဘယ်လိုအပြုအမူတွေလုပ်ခဲ့တယ်ဆိုတာကိုသူ့မိဘတွေကိုအသိပေးသင့်တယ်"

ကျောင်းအုပ်ကြီးရဲ့စကားအဆုံးမှာ ကျောင်းအုပ်ကြီးရဲ့ အတွင်းရေးမူးတစ်ဖြစ်လဲ ဆရာမတစ်ယောက်က သူမဖုန်းထဲမှာရှိသောVideoကို Mrs Ging ( အဖွား)ကြည့်ရူနိုင်ရန်ဖုန်းကို သူမဆီတိုးပေးလိုက်သည်။

အဖွားကသူမရဲ့မျက်မှန်အဟောင်းကိုတပ်ပြီး ကြောက်ရွံ့စွာ မြည်ကြွေးပြီး သူမပါးစပ်ကိုလက်ဖြင့်အုပ်ထားသည်။ Video ထဲမှာပေါ်လာသည့် သူမနှင့်အတူဓာတ်လှေကားထဲမှာစကားပြောခဲ့သည့် ကလေးကို စိတ်မကောင်းဖြစ်စွာ၊အားနာစွာဖြင့်ကြည့်လိုက်သည်။

"Kanghan!"

Mrs Ging (အဖွား)က သူမဘေးတွင်ထိုင်နေသည့် သူမရဲ့မြေး ကို စိတ်ပျက်စွာဖြင့်ကြည့်လိုက်သည်။ Kanghan ကအခုတော့ အဖွားရဲ့မြေးတစ်ယောက် အနေနဲ့ အဖွားစိတ်မပျက်အောင်ခေါင်းကိုငုံ့ထားရုံသာတတ်နိုင်သည်။

လေပြေရှိမှလေရဟတ်လည်နိုင်မယ်Where stories live. Discover now