Kanghan က ကိုယ့်အားကိုယ်ကိုးဖို့ဆုံးဖြတ်လိုက်တာကြောင့် Sailom ကသူ့ကို ညဈေးတန်းနှင့်မိတ်ဆက်ပေးသည်။Sailomကဒီနေရာမှာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ဒီနေရာမှာဘယ်လိုပိုက်ဆံရှာကြလဲဆိုတာကိုသိသည်။ထို့ကြောင့် Sailomကသူ့အနားမှာရှိသောအငွေ့အသက်များကြောင့်ပျော်ရွှင်နေသည်။
"ဒီနေရာမှာ ဘာလုပ်မလို့လဲ"
Sailomစကားကိုနာခံပြီး ဆိုင်ကယ်ကိုမောင်းလာသူက သံသယဖြစ်စွာဖြင့်မေးသည်။
"ပိုက်ဆံရှာမလို့"
"ဒီမှာလား"
Kanghan က ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်သည်။ဒါပေမဲ့ Sailom ပိုက်ဆံရှာဖို့ဘယ်အလုပ်ကိုရည်ရွယ်လဲဆိုတာကိုနားမလည်သေးပါ။
"အင်း ..ငါတို့ဒီမှာသီချင်းဆိုကြမယ်"
Sailomကပြောပြီး အနီးအနားကို လိုက်ကြည့်နေသည်။ပြီးတော့ သူရှာနေသည့် နေရာကိုတွေ့တော့ Kanghanရဲ့လက်ကိုဆွဲပြီး လမ်းလျှောက်သွားလိုက်သည်။Sailomဒီနေရာမှာ အလုပ်လုပ်ခဲ့သည့်အတွေ့အကြုံဖြင့်ဒီနေရာမှာ ဖျော်ဖြေဖို့နေရာသေးသေးလေးရဖို့ ဈေးမှ မန်နေဂျာနှင့် သေချာပြောဆို ဆွေးနွေးနိုင်ခဲ့သည်။ပြီးတော့ ထိုနေရာမှာ Kanghan ကိုစောင့်ခိုင်းခဲ့ပြီး Second-hand ရောင်းသောဆိုင်သို့သွားကာ ဂစ်တာတလက်ကို ရွေးယူခဲ့သည်။ Sailom ဂစ်တာဆိုင်မှ အရောင်းစာရေးနှင့်ညှိနိူင်းနေတာကို Kanghan က ခပ်ဝေးဝေးမှာရှိနေတာမို့ မကြားရပါ။
"ဂစ်တာက ဘယ်လိုရလာတာလဲ"
Sailom ကလက်ထဲတွင်ဂစ်တာတလက်ဖြင့်ပြန်လာတော့ Kanghan အံ့ဩသွားသည်။
"ဌားလာတာ"
"သူတို့ကမင်းကို ဒီအတိုင်းပဲဌားပေးလိုက်တာပဲလား"
"အင်း ငါစာသင်ဖို့အတွက် အပိုဝင်ငွေရှာချင်လို့ပြောလိုက်တာ၊အဲ့ဒါကြောင့် ဌားပေးလိုက်တာ"
"အရမ်းကောင်း"
"သူကငါ့ကို လိမ္မာတဲ့ကလေးလို့ထင်လို့လေ"
Sailom ရဲ့ပုံစံလေးက ဘယ်သူပဲကြည့်ကြည့် လိမ္မာသည့်ကောင်လေးဟုခံစားမိကြမည်ဆိုတာ Kanghan ဝန်ခံပါသည်။ဒါပေမဲ့ Sailom က သူများတွေထင်တာထက်ကိုအများကြီးပိုပြီး တကယ်ကိုလူကောင်းလေးတစ်ယောက်ဖြစ်သည်။