Kanghanလိုလူမျိူးကို စာသင်ပေးဖို့ကမလွယ်ကူပဲ ကလေးတွေကို ဆေးတိုက်ရတာထက်ခက်သည်ဆိုတာ Sailom ကောင်းကောင်းနားလည်သည်။အဲ့ဒါကြောင့် ဘောလုံးကွင်းဘေးက သစ်သားစားပွဲခုံကြီးတွင် Kanghan ကျောင်းပြီးချိန်ကိုစောင့်ရတာကထင်ထားသလောက် မခက်ပါ။
Sailom က ဒီလိုအဖြစ်မျိူးကိုရင်ဆိုင်ဖို့အသင့်ပြင်ထားပြီးသား။
ဒါပေမဲ့ဒီလိုကြီး ၃ရက်ဆက်တိုက်ဖြစ်နေဖို့တော့ Sailom မမျှော်လင့်ထားပါ။Sailom က Kanghan ကိုအမှီလိုက်နိုင်ဖို့စားပွဲပေါ်မှ စာအုပ်တွေကိုအလျှင်အမြန် ထည့်လိုက်သည်။ဒါပေမဲ့ Sailomနှင့်နီးကပ်လာသော ဆိုင်ကယ်အသံကိုကြားလိုက်ရသည်။ဆိုင်ကယ်ပေါ်တွင်ထိုင်နေသော Sailomရဲ့နာကျင်မူအရင်းအမြစ်လေးKanghanကညင်ညင်သာသာပြုံးပြနေသည်။
Sailom တကယ်ပဲသူ့ကိုဆိုင်ကယ်ပေါ်မှကန်ချလိုက်ချင်သည်။
ကိုယ့်ဘာကိုယ်တယောက်ထဲသာ Tutor သင်လို့ရရင် Kanghan ဘာလုပ်လုပ်ကိစ္စမရှိပါ။ထိုကြောင့်စာသင်ပေးရမည့်ကျောင်းသားက မပူးပေါင်းလျှင် Sailom ရဲ့အချိန်ပိုင်းအလုပ်လေးမှာလဲ ပြုတ်ဖို့နီးလာမှာဖြစ်သည်။
"မင်း ဘယ်သွားမလို့လဲ"
Kanghan ကတကယ်ကို ကလေးဆန်စွာပြုမူနေတာကြောင့်
Sailom က စိတ်တိုနေသောအသံဖြင့်အော်လိုက်သည်။"ငါ့ကိစ္စပါ"
Kanghan ကပြန်ပြောသည်။
Kanghan က စစ်ကြေညာသလိုမျိူး သူ့လက်ခလယ်ကို မိုးပေါ်သို့ထောင်ပြလိုက်သည်။"ဒီ မိမစစ် ဖမစစ်ကောင်ကတော့"
Sailom ရဲ့ Kanghan ကိုစိတ်ဆိုးပြီးအော်သည့်အသံကြောင့် ဘေးနားမှကျောင်းသားများလန့်သွားကြသည်။
Kanghan လဲ လန့်သွားသည်။
Kanghan က Sailom ကိုအနောက်မှာကျန်နေခဲ့ပြီလို့ထင်နေတာဖြစ်သည်။
ပတ်ဝန်းကျင်က လူများ ကြည့်နေသည့်နေရာ ကိုလှည့်ကြည့်လိုက်တော့မှSailom ကသူ့အနောက်ကိုပြေးလိုက်နေတာကို Kanghan တွေ့လိုက်ရသည်။Kanghan က Sailom သူ့အရှေ့ကိုမရောက်လာခင်တွင်ဆိုင်ကယ်အရှိန်ကိုထပ်တင်လိုက်သည်။ဒါပေမဲ့ ကျောင်းရဲ့ ထွက်ပေါက်ဂိတ်က တစ်လှည့်စီထွက်ရန်ကန့်သတ်ထားသောကြောင့် Kanghan ထွက်စရာလမ်းမရှိပါ။